အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့မှာ မေတ္တာနယ်မြေရဲစခန်း၊ ထားဝယ်ခရိုင် ရဲမှူးရုံးက ဒုရဲအုပ် သန်းနိုင်ထွန်းဟာ စစ်ကော်မရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် G 3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည် (၂၂၅) တောင်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

“အလင်းဝင်လာတာ သူတစ်ယောက်တည်းပါပဲ။ မိသားစုတော့ မပါပါဘူး။ ကျနော်တို့ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ယာဥ်တန်းကနေ အလင်းဝင်လာတာပါ။ ကျနော်တို့ဆီ အလင်းဝင်ရောက်သူ.. သူအပါ ၃ဦး ရှိပါပြီ” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

အခုလို လက်နက်ခဲယမ်းတွေ ယူဆောင်အလင်းဝင်လာတဲ့ ဒုရဲအုပ်ကို ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံးပူးပေါင်းပေးကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဒူရကစစ်ကြောင်းဟာ သြဂုတ်လ ၂၁ရက်နေ့ကလည်း သင်္ကန်းတုန်းကျေးရွာနားမှာ စစ်ကော်မရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အယောက် ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့သလို စစ်ကော်မရှင်တပ်ရဲ့ လက်နက်တင် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

စလင်းမှာ ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံစောင့် စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်၊ စစ်ကောင်စီတပ်သား ၇ယောက်သေပြီး ရဲစခန်းပတ်ပတ်လည်က အတားအဆီးတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်ဆောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပေမယ့် နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသခွင့် စစ်တပ် ငြင်းပယ်

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၈၀) အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။