ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၃၀ ရက် ညနေ ၅နာရီလောက်မှာ စစ်ကော်မရှင်စစ်ကြောင်းကို KIA,KPDF တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခင်းကျေးရွာ ဂေါက်ကွင်းအနီးမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှော်စီစာရွာ ရွှေညောင်ပင်ဆီဆိုင်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ တစ်ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူ ၄ ဦးလို့ သိရတယ်။ ၄ ဦးကတော့ ဒဏ်ရာ အရမ်းကြီးပြင်းထန်တာတော့ မဟုတ်ဘူး။ သေဆုံးသူ တစ်ဦးရှိတယ်လို့ သိရပေမယ့် သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာဆိုတော့ ဒီလက်နက်ကြီးက ဘယ်ကနေ ပစ်တာလဲဆိုတာ ဝေခွဲရခက်တယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ည ၇ နာရီလောက်မှာလည်း ဖားကန့်ဗျူဟာကုန်းကနေ ရှရော်ခကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့ပေမယ့် အဆိုပါကျေးရွာကိုကျော်ပြီး မနကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

“ရှရော်ခကျေးရွာကို ပစ်တာကနေ ကျော်ပြီးတော့ကျတယ်။ ရှရော်ခကျေးရွာ ညောင်ပင်ကုန်းမှာ KIA KPDF နဲ့ စစ်ကောင်စီ ညောင်ပင်ကုန်းကဟာတွေနဲ့ မမောင်းလျှံဘက်ကဟာတွေ စစ်ဆိုင်ထားတဲ့အနေအထားရှိတာကို.. အဲလိုအနေအထားမှာ ရှရော်ခကျေးရွာကို လှမ်းပစ်တာ မနကျေးရွာကိုကျော်ပြီးကျတာ.. အဲဒီမှာ တစ်ဦးသေဆုံးတယ် ၊ သူ့အမျိုးသမီး ဒဏ်ရာရတယ်။ တခြား ၂ ယောက်ဒဏ်ရာရတယ်” လို့ အထက်ပါ ဖားကန့်နယ်ခံက ဆက်ပြောပါတယ်။

သြဂဒတ်လ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ ဖားကန့်ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ အရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဖားကန့်မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ဒေသခံများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး လှုပ်ရှားနယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။