ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ် အင်အား (၁၀၀) ကျော်နဲ့ တပ်စွဲထားတဲ့ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကို သြဂုတ်လ (၂၉) ရက် မနက် (၁၀) နာရီကနေ မွန်းလွဲ (၃)နာရီအထိ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) နဲ့ ကရင်နီပြည်နယ်ရှိ တပ်ပေါင်းစုတွေဖြစ်တဲ့ ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ (၁၁) ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့နဲ့ KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်က (၁၅) ယောက်ထက်မနည်း သေဆုံးပြီး အယောက် (၃၀) ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်တပ်က MA-1 (၄) လက်၊ MA-2 (၁) လက်နဲ့ MA-3 (၁) လက် စုစုပေါင်း (၆) လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်က မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရသူ (၂) ယောက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို တော်လှန်ရေးတပ်ပေါင်းစုင စည်းလုံးညီညွတ်စွာ ပူပေါင်းတိုက်ခိုက်နိုင်ခဲ့တာကြောင့် ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ကို ဦးတည်လာခဲ့တဲ့ အကြမ်းဖက်စစ်ကော်မရှင် စစ်ကြောင်းကို စစ်ဦးချိုး အထိနာအောင် ချေမှုန်းနိုင်ခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။