မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတာကြောင့် နေပြည်တော်၊ တပ်ကုန်းက လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ ၁ နဲ့ ကပစ ၄ တို့ဟာ လက်နက်ခဲယမ်းထုတ်လုပ်ရေးတွေကို ရပ်တန့်ထားရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်ကျရေတွေကြောင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နဲ့ နေပြည်တော် တပ်ကုန်းမြို့တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရေကြီးမှုရဲ့ နောက်ဆက်တွဲ အခြေအနေအရ တပ်ကုန်းမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဖြစ်တဲ့ ကပစ ၁ နဲ့ ကပစ ၄ တို့ရဲ့ လက်နက်ပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – အကြမ်းဖက်မင်းအောင်လှိုင်မှ ကပစ စက်ရုံတစ်ခုကို သွားရောက်ကြည့်ရှုခဲ့စဉ်က (ပုံဟောင်း)

ကပစ ၁ စက်ရုံဟာဆိုရင် MA1၊ MA2၊ MA3၊ MA4 နဲ့ MA5 တို့ကို ထုတ်လုပ်ပေးတဲ့ စက်ရုံဖြစ်တဲ့အပြင် ခြေလျင်တပ်တွေမှာ အသုံးပြုတဲ့ လက်နက်ပစ္စည်းတွေ ပျက်စီးရင်လည်း ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “ဒီစက်ရုံတွေက ခဏခဏ ရပ်နားထားနေရတော့ သူတို့ ထုတ်လုပ်ရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေနေမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြောပေါ့နော်၊ လက်နက်စက်ရုံတွေ ထုတ်လုပ်တာ ရပ်နားထားရတယ်ဆိုတာက တော်လှန်ရေးအတွက် ကောင်းတဲ့ နမိတ်လက္ခဏာပါပဲ” လို့ ဆိုပါတယ်။

ကပစ ၄ စက်ရုံကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ပစ္စည်းစက် ၂၄ ရုံလုံးအတွက် အပိုစက်ပစ္စည်းတွေကို ထိန်းသိမ်းပေးရတာ၊ ပစ္စည်း ပုံကြမ်းတွေသိမ်းဆည်းပေးရတာနဲ့ ဒီဇိုင်းအသစ်တွေ ရေးဆွဲရတာတွေကို လုပ်ဆောင်ရတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် မနှစ်ကလည်း နေပြည်တော်၊ တပ်ကုန်းမှာ ရေကြီးရေလျှံမှုကြောင့် ကပစ ၁ နဲ့ ကပစ ၄ မှာ စစ်တပ်မှ ဒါဇင်နဲ့ချီပြီး အရာရှိတွေအပါအဝင် စစ်သားနဲ့ မိသားစုဝင်တွေ သေဆုံးခဲ့သေးတယ်လို့ စစ်ဘက်သတင်းရင်းမြစ်ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်နေဟု ဆို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ပါတယ်။
Read More

ဖြူးက ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။