တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကစလို့ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းရွာတွေဘက် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ ခမရ-၄၀၈၊ ခမရ- ၄၀၉ ၊ ခမရ-၄၁၀ နဲ့ ခလရ-၂၈၂၊ ခလရ-၂၇၃ စတဲ့ တပ်ရင်း ၅ ရင်း ပါဝင်ပြီး ခမရ-၄၀၉ တပ်ရဲ့ ဗိုလ်မှူးစိုးမိုးကျော်၊ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီး အံ့ဘုန်းကျော် နဲ့ ခလရ-၂၈၂ ဗိုလ်ကျော်မိုးခိုင်တို့ ဦးဆောင်လာတာလို့လည်း YE GUERRILLA FORCE က ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းတွေကို ဒေါနစစ်ကြောင်း -၂ (YGF)နဲ့အတူ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) ၊ ရေးသိန်းငှက်တပ်ဖွဲ့ ၊ ABSDF တပ်ရင်း-၁ ၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ရေးဘီလူးတပ်ရင်း၊ နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) စတဲ့ တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Ye Guerrilla Force တပ်ဖွဲ့ဝင်များ

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ဩဂုတ်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်နေ့တွေမှာ ထိတွေ့တိုက်​ပွဲ အကြိမ်ကြိမ်​ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော်ထက်မနည်း သေဆုံးထားတယ်လို့လည်း သိရပါတယ်။

“သူတို့ကတော့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းပိုင်းထိန်းချုပ်ချင်တာရော၊ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ချင်တာရောကြောင့် စစ်ကြောင်းထိုးနေတာပါ။” လို့ YE GUERRILLA FORCE တာဝန်ရှိသူက ပြောပါတယ်။

အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်း​တွေကို ဖောက်ထွင်းခိုးယူရင်း ၁၂ ဘီးကားတွေလည်း သယ်ဆောင်သွားခဲ့ပါတယ်။

ဒါ့အပြင် မိုင် ၆၀ ကျေးရွာနေ အသက် ၈၀ အရွယ် အဘိုးအဘွား ၂ယောက်ကိုလည်း သတင်းမေးမရတဲ့အကြောင်းပြချက်နဲ့ သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့ကြောင်း၊ အလောင်း လာရောက်သယ်ယူတဲ့ ရွာသား ၁၀ ယောက်နီးပါးကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။

Ye Guerrilla Force တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

ချင်းပြည်ရှိ တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ တိုက်ခိုက်

ချင်းပြည်နယ်၊ သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။
Read More

YBS ယာဉ်မောင်းဘဝမှ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ KNLA တပ်ရင်း(၈) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ

အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။