ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ တလိုင်းခင်ကျေးရွာကို ဩဂုတ်လ (၂၈) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က နတ်သံကွင်းကနေ ၁၂၀ မမ (၁) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရပြီး အသက် (၆၁)နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၇၀) အရွယ် အမျိုးသားတို့ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီညနေပိုင်းမှာပဲ ၁၂၀မမ (၁) လုံး ထပ်မံပစ်ခတ်ရာ တလိုင်းခင်ကျေးရွာ အရှေ့ဘက် လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နဲ့ မူးမြို့နယ်တွေအတွင်း နေထိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ နေ့စဥ်လိုလို ပစ်ခတ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူ (၂) ဦး (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ခြေလျင်တပ်ရင်းတွေကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က စစ်ကြောင်းမှူးတဖြစ်လဲ ဗိုလ်ကြီးအဆင့်ရှိသူ မင်းတေဇအပါအဝင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်မှာ စစ်တပ်ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်၊ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်နယ်ရှိ နေအိမ်များကို ဒရုန်းနှင့် ပစ်ခတ်၊ ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီးသွား

“လက်နက်ကြီးထုတယ် ပြီးမှ မြေပြင်ကနေသွားပြီးတော့ ပေါတာဆွဲတာ အခုချိန်ကရွာသားတွေက တောင်သူလယ်သမားတွေဆိုတော့ ကိုယ့်လယ်တွေမှာ ပေါင်းလုပ်တာတွေ စပါးပင်တွေကြည့်ရှုတာ တွေရှိတယ် အိမ်ပြန်ရောက်ခါစဆိုတော့ ထွက်ပြေးချိန်တောင်မရလိုက်ဘူး နောက်ထပ်ဘယ်သူတွေပါသွားလဲဆိုတာ ထပ်ပြီးစုံစမ်းနေတယ် ***တွေကတော့ ပြန်ဆုတ်သွားပြီး ” လို့ အထက်ပါတပ်ခွဲမှူး ကိုကရင်လေးက ဆက်ပြောပါတယ်။
Read More

အမေရိကန်၊ ဝါရှင်တန်မြို့ တရုတ်သံရုံးရှေ့မှာ မြန်မာအရေး တရုတ်စွက်ဖက်မှု ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်…

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအရှေ့မှာ မြန်မာနိုင်ငံအရေး တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် အနုပညာရှင်အချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
Read More

တနင်္သာရီမှာ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ယောက်ထက်မနည်း သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။