ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်ကျိတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကချင်နှစ်ခြင်းဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါဘုရားကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ထုတ်ခဲ့ပြီးနောက် သြဂုတ် ၂၇ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးဟာ ဘုရားကျောင်းတည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အများအပြား ပျက်စီးသွားတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံအနီး စစ်ကောင်စီတပ်သားတွေ စနိုက်ပါဖြင့် ပစ်ခတ်ခံရ၊ ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီး ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့  SOLO AUNG GYI အဖွဲ့က ရုပ်သံနဲ့တကွ ဒီနေ့မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။  
Read More

ကွမ်းလုံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့၊ နမ်းဟူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် စစ်တပ်ရိက္ခာတင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ တင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။