ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လက ထွက်ပေါ်လာတဲ့ အသံဖိုင်အတွင်း နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုအပေါ် ဟွန်ဆန်နဲ့ စကားပြောဆိုရာမှာ ပတွန်တန်က ထိုင်းရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးရမယ့်အစား စစ်တပ်ကို အပြစ်တင်တာ၊ ဟွန်ဆန်ကို အလိုက်ပေးပြောဆိုတာတွေ‌ ပါရှိနေတာပါ။ 

သောကြာနေ့က တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ တာဝန်သက်တမ်း ၁ နှစ်တောင်မပြည့်ခဲ့တဲ့ ပေတုန်တန်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို ရာထူးကနေဖယ်ရှားပြီး ဖျက်သိမ်းရမှာဖြစ်တာကြောင့် အစိုးရအဖွဲ့ တစုံလုံး ပြန်လည်ရွေးချယ် ခန့်အပ်ရဦးမှာလည်း ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲအနိုင်ရ Move Forward Party ဖျက်သိမ်းခံရမှုနဲ့ ယခင် ဝန်ကြီးချုပ် ဆာရက်သာသာဗီဆင်တို့ရဲ့ ရာထူးဖြုတ်ချခံရမှုတို့ နောက်ပိုင်း ထွက်ပေါ်လာတဲ့ အခုဆုံးဖြတ်ချက်ဟာ ထိုင်းရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို မီးမောင်းထိုးပြနေပြီး ရွေးကောက်ခံတွေနဲ့ ရှေးရိုးစွဲတွေအကြားက ရေရှည်လွန်ဆွဲမှုတွေကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ထိုင်းဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်မယ့်သူတွေအဖြစ် လက်ရှိမှာ ကိုယ်စားလှယ် (၅) ယောက် ကျန်ရှိနေပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချန်အိုချာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ 

ကိုးကား – The Thai Constitutional Court to rule on Thai Prime Minister Paetongtarn Shinawatra on 29 August regarding a leaked call with Cambodian Senate President Hun Sen.

0 Shares:
You May Also Like
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးရန် နိုင်ငံတကာကို NUG တိုက်တွန်း

ကမ္ဘာ့အသိုင်းအဝန်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။