ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန်တုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နဲ့ နမ္မတူမြို့နယ်၊ မန်လီကျေးရွာက ပျက်စီးသွားတဲ့ နေအိမ်တွေကို တအာင်းပြန်လည်ထူထောင်ရေးကော်မတီ(ရှမ်းမြောက်) အနေနဲ့ ထောက်ပံ့ကြေးငွေ ကူညီပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုတွေကြောင့် မန်တုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်က နေအိမ် ၁၄ လုံးနဲ့ နမ္မတူမြို့နယ်၊ မန်လီကျေးရွာက နေအိမ် ၁၂ လုံးအပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တွေကို ကွင်းဆင်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ တအာင်းအမျိုးသမီးအဖွဲ့အစည်း)

0 Shares:
You May Also Like
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ် ရွေးကောက်ပွဲအတွက် အင်အားဖြည့်ရန်လာသည့် စစ်ကော်မရှင်တပ်နှင့် PDF တိုက်ပွဲဖြစ်ပြီး စစ်တပ်မှ ၂၀ ခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က ရွေးကောက်ပွဲအတွက် အင်အား ဖြည့်ဖို့လာသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၂၀ သေဆုံး သွားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့သည့် ကုန်တင်ကားတန်း ရာချီကို စစ်အုပ်စု ထပ်မံပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့တဲ့ ကုန်တင်ကားတန်း အစီး ၈၀၀ ကျော်ဟာ လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအတွင်း ထပ်မံပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေပါရှိနေကြောင်း ကန့်ဘလူခရိုင် တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။