အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလကစလို့ ဒီလိုမျိုးတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုက္ခသည်ရာနဲ့ချီကိုလည်း ထင်သလိုဖမ်းဆီးချုပ်နှောင်ကာ လူ့ဂုဏ်သိက္ခာထိခိုက်အောင် ပြုမူဆက်ဆံခဲ့တယ်လို့ HRW က ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) အစိုးရလက်အောက်မှာရှိတဲ့ ပြည်နယ်တွေဟာ ပြီးခဲ့တဲ့မေလက ရိုဟင်ဂျာနဲ့ ဘင်္ဂါလီစကားပြော မွတ်ဆလင်တွေကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ” တွေအဖြစ် သတ်မှတ်ပြီး နှင်ထုတ်ရေးစီမံကိန်းကို စတင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ နှင်ထုတ်ခံရသူတွေထဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၁၉၂ ယောက် ပါဝင်ပါတယ်။ အာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် အယောက် ၄၀ ကိုလည်း သင်္ဘောတစီးပေါ် တင်ပြီး မြန်မာနိုင်ငံကမ်းရိုးတန်းအနီးမှာ ရေထဲချကာ ကမ်းခြေကို ရေကူးစေခဲ့ပါတယ်။ ဒီနှင်ထုတ်မှုတွေကြောင့် ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံ ထွက်ပြေးခဲ့ကြရတယ်လို့ HRW က ဆိုပါတယ်။

HRW ဟာ အိန္ဒိယကနေ မကြာသေးမီက ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အမျိုးသားနဲ့ အမျိုးသမီး ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာ ဒုက္ခသည်စခန်းတွေမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ထဲက ၆ ယောက်ဟာ အိန္ဒိယအာဏာပိုင်တွေက သူတို့ကို ရိုက်နှက်ခဲ့ပြီး ငွေ၊ လက်ကိုင်ဖုန်းနဲ့ UNHCR ကတ်တွေကို သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ရဲတွေရဲ့ ထင်သလို ဖမ်းဆီးချုပ်နှောင်မှုအန္တရာယ်ကို ကြောက်ရွံ့ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ Madanpur Khadar ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၁၄၊ ၂၀၂၄ ခုနှစ်အတွင်း သောက်သုံးရေများ သယ်ဆောင်လာစဉ် (ဓာတ်ပုံ Pradeep Gaur/SOPA Images/Sipa USA/ AP)

အာသံပြည်နယ်၊ Goalpara ခရိုင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီး ၁ယောက်ကတော့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ သူမ၊ သူမရဲ့ခင်ပွန်းနဲ့ ကလေး ၃ ယောက်ကို သေနတ်နဲ့ ချိန်ပြီး ဘင်္ဂလားဒေ့ရှ်ဆီ အတင်းအကျပ် မောင်းထုတ်ခဲ့ကြောင်း ပြောပါတယ်။

“ကျမတို့မှာ ပိုက်ဆံလည်းမရှိ၊ ဒီဒေသကိုလည်း မသိ၊ သူတို့က ကျမတို့ကို အတင်းဖြတ်ခိုင်းနေတော့ ဘယ်သွားရမလဲဆိုပြီး ကျမယောက်ျားကမေးတာ သူတို့က အားနဲ့ ပါးရိုက်လိုက်တာ ခုထိ ကောင်းကောင်းမကြားနိုင်သေးဘူး။ ထပ်မေးရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြတယ်” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

မေလ ၆ ရက်နေ့က ဒေလီမှာရှိတဲ့ မွတ်ဆလင်နဲ့ ခရစ်ယာန် ရိုဟင်ဂျာ အယောက် ၄၀ ကို အချက်အလက်ယူဖို့ဆိုပြီး ထင်သလို ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကို Andaman နဲ့ Nicobar ကျွန်းတွေဆီ လေယာဉ်နဲ့ခေါ်သွားပြီး အိန္ဒိယရေတပ်သင်္ဘောပေါ် အတင်းအကျပ် တင်ခဲ့ပါတယ်။ မြန်မာ့ကမ်းရိုးတန်းနားရောက်တဲ့အခါ စစ်သားတွေက အသက်ကယ်အင်္ကျီတွေပေးပြီး သင်္ဘောပေါ်ကနေ ပင်လယ်ထဲ တွန်းချခဲ့တယ်လို့ နှင်ထုတ်ခံရသူတွေရဲ့ ဆွေမျိုးတွေ ပြောပြချက်ကို HRW က ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီမှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀,၀၀၀ ခန့်ဟာ အိန္ဒိယမှာ နေထိုင်နေကြပါတယ်။ အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လူတွေကို အသက်အန္တရာယ် သို့မဟုတ် လွတ်လပ်ခွင့်ခြိမ်းခြောက်မှုတွေရှိတဲ့ နေရာတွေကို ပြန်ပို့တာ၊ နှင်ထုတ်တာတွေကို တားမြစ်ထားတဲ့ ‘non-refoulement’ ဆိုတဲ့မူကို လိုက်နာဖို့တာဝန်ရှိကြောင်း HRW က ထောက်ပြပါတယ်။

“အိန္ဒိယအစိုးရရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နှင်ထုတ်မှုဟာ လူ့အသက်ကို လုံးဝဂရုမစိုက်တဲ့အပြင် နိုင်ငံတကာဥပဒေကိုပါ လျစ်လျူရှုတာ ဖြစ်တယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒါရိုက်တာ Elaine Pearson က ပြောပါတယ်။

အိန္ဒိယတရားရုံးချုပ်က ရိုဟင်ဂျာတွေကို “ဒုက္ခသည်” လား ဒါမှမဟုတ် “တရားမဝင် ဝင်ရောက်လာသူ” လားဆိုတာ ဆုံးဖြတ်ဖို့ရှိနေပြီး စက်တင်ဘာ ၂၃ ရက်မှာ ကြားနာဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလမှာ တရားရုံးက နှင်ထုတ်တာတွေ ရပ်ဆိုင်းဖို့ ငြင်းဆိုခဲ့ပြီး ပင်လယ်ထဲ တွန်းချခဲ့တဲ့ ဖြစ်ရပ်ကိုလည်း “ကြားကောင်းအောင် ဇာတ်လမ်းဆင်ထားတာ” လို့ ပြောဆိုကာ ပယ်ချခဲ့ပါတယ်။

မူရင်းသတင်း – India: Scores of Rohingya Refugees Expelled

 

0 Shares:
You May Also Like
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။