အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေ ဆက်လက်ရရှိနေစေရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်ပြီး ကျင့်ဝတ်လိုက်နာတဲ့ တပ်မတော်တရပ်အဖြစ် စနစ်တကျ ဆက်လက်တည်ဆောက်ရေးနဲ့ အကြမ်းဖက်စစ်တပ်ကို အပြီးသတ် အနိုင်ယူနိုင်ရေးအတွက် တပ်မှူးကြီးများ အစည်းအဝေးကို သြဂုတ်လ ၂၃၊ ၂၄၊ ၂၅ မှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြုပြီး ဒုစစ်ဦးစီးချုပ်နဲ့ စစ်ချုပ်ရုံးတာဝန်ရှိသူတွေ၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးတွေဖြစ်တဲ့ တိုင်းစစ်ဌာန (၁၀) ခုက တိုင်းကွပ်ကဲရေးမှူးနဲ့ ဒုတိယ တိုင်းကွပ်ကဲရေးမှူးတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်ရှိ တိုင်းစစ်ဌာန (၁၀) ခုကတော့ အောက်ပါအတိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

(၁) စစ်ကိုင်းတိုင်းစစ်ဌာန

(၂) မန္တလေးတိုင်းစစ်ဌာန

(၃) မကွေးတိုင်းစစ်ဌာန

(၄) ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန

(၅) နေပြည်တော်တိုင်းစစ်ဌာန

(၆) ပဲခူးတိုင်းစစ်ဌာန

(၇) ရန်ကုန်တိုင်းစစ်ဌာန

(၈) ဧရာဝတီတိုင်းစစ်ဌာန

(၉) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌တနင်္သာရီတိုင်းစစ်ဌာန

(၁၀) အထူးတိုင်းစစ်ဌာန

အစည်းအဝေးမှာ တပ်မှူးကြီးတွေက တိုင်းစစ်ဌာနအလိုက် စစ်ရေးသုံးသပ်ချက် စာတမ်းတွေ တင်သွင်းခဲ့ပြီး တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်ဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။