မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၀ ရက်က မြင်းခြံမြို့ကနေ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာအရောက် ‌တော်လှန်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက် မျက်မြင်သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အထိနာသွားတဲ့ စစ်တပ်က မာန်လည်ကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မာန်လည်ကျေးရွာအနောက်မြောက်ရှိ ကံလျှားရှည်ကျေးရွာနဲ့ မြောက်ဘက်ရှိ သဲတော ကျေးရွာတွေဆီ အကြမ်းဖက်စစ်တပ် ဆုတ်ခွာသွားပြီး သဲတောကျေးရွာရှိ နေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေအတွင်း MA-11 သေနတ် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ Drone Shooter ၁ လက်၊ ငါးကြင်းမြီးပြောင်းပို ၁ ချောင်း၊ လက်ပစ်ဗုံး ၃ လုံး၊ Mini Star Link ၁ လုံးနဲ့ ငွေသားအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

BGF နှင့် စစ်တပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်များကို ခွင့်ပြုထားပြီးမှ ဖိအားများကြောင့် ပြန်လည်စီးနင်း၊ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး  ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

KIA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေထံကနေ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကော်မရှင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။