မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။

စစ်အုပ်စုရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း အပတ်စဥ် (၉) သင်တန်းဆင်း စအောင်ဖြိုးသန့်ဟာ သြဂုတ်လ ၂၈ရက်မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး သူနဲ့အတူ MA4 (၁) လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၂၅ တောင့် ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆက်သွယ်ပြီး တစ်ပတ်အကြာမှ ရောက်လာတာပါ၊ လက်နက်ခဲယမ်းတွေ ယူလာတဲ့အတွက် ဆုကြေးငွေ ချီးမြှင့်တာရှိပါတယ် ၊ဘာဆက်လုပ်မယ်ဆိုတာတော့ သူစဥ်စားနေတုန်းပါ” လို့ Ye Guerrilla Force – ရေးပြောက်ကျားတပ် တာဝန်ရှိသူက ပြောပါတယ်။

အချိန်မှီ ပြည်သူဘက်ကို အလင်းဝင်လာတဲ့အတွက် ဒေါနစစ်ကြောင်း (၂)၊ စစ်ကြောင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်က နွေးထွေးပျူငှာစွာ ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီဘက်မှာ ကျန်ရှိသူတွေကိုလည်း အချိန်မှီ ပြည်သူ့ဘက် ကူးပြောင်းပြီး စစ်အာဏာရှင်ကိုတွန်းလှန်ကြဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

ကဝမြို့နယ် ပကဖ၏ ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ရပ်ရွာလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေနဲ့ ရပ်ရွာလူထုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သမျှ စဉ်ဆက်မပြတ် အခမဲ့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။