စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက် မနက် ၉နာရီခွဲအချိန်မှာ ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက်မှာရှိတဲ့ အားကစားခန်းမကို တော်လှန်ရေးအင်အားစုတွေကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ စစ်မှုထမ်းခံရမှာကြောက်ပြီး အပြင်မထွက်ရဲကြသလိုပဲ သူတို့လည်း အပြင်မထွက်ရဲအောင် လုပ်တာဖြစ်တယ်။ သူတို့ အပြင်မှာရှိနေရင် ပြည်သူတွေက ကြောက်နေရတယ်” လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။

လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ရန် သွားနေသည့် ရဲဘော်တစ်ဦး


အဆိုပါ အားကစားခန်းမဟာ စစ်တပ်၊ ရဲနဲ့ ဆိုင်ရာပိုင်ရာတွေသာ လာရောက်ကြတဲ့ နေရာဖြစ်ပြီး ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့အတွက် ၁၅ ရက်တာ စောင့်ကြည့်လေ့လာမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုဆို သူတို့ အပြင်မထွက်ရဲကြတော့ဘူး။ GYM ကိုလည်း ပိတ်ထားကြပြီ” လို့ ဗိုလ်မိကျောင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံ တာဝန်ထမ်းဆောင်နေသူအားလုံး တော်လှန်ရေးဘက်ကို ဘက်ပြောင်းခိုလှုံလာကြဖို့နဲ့ ပြည်သူတွေအပေါ် မတရားဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့လည်း ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile နဲ့ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခမရ-၅၉၉ မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသူ ၈ ဦး KNLA တပ်ရင်း(၈)ထံ လက်နက်ချခိုလှုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦး သေဆုံး၊ (၇) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။