တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၆ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force – MSRF က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၉ ရက် ညပိုင်း ခလရ ၂၈၂ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူယူကာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာအကြား တိုက်ပွဲ ၂ နာရီကြာ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သြဂုတ် ၂၀ ရက်မှာ ကော့လှိုင်ကျေးရွာနဲ့ မရမ်းချောင်းကျေးရွာအနီး အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၈၂ က အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

သြဂုတ် ၂၂ ရက် ညနေပိုင်းမှာတော့ မရမ်းချောင်းကျေးရွာအနီး ထပ်မံစစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မရမ်းချောင်းဘုန်းကြီးကျောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ် ၂၄ ရက်မှာ မရမ်းချောင်းကျေးရွာကနေ မိုင် ၆၀ ကျေးရွာဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ အဲဒီနေ့ တစ်ရက်တည်းမှာပဲ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက် မနက်ပိုင်းမှာလည်း ရေဖြူမြို့နယ် အမှတ် (၈) ပြည်ထောင်စုလမ်းမဘေးရှိ သာယာမွန် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်သား ၃၆ ယောက်ထက်မနည်းသေဆုံးပြီး ခမရ ၄၀၉ က ဗိုလ်မှူး ၁ ယောက် အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) က ဒေါနစစ်ကြောင်း -၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF) နဲ့ ရေးဘီလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ရင်း (၂၇) နဲ့ ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း (KTLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Mon State Revolutionary Force – MSRF

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။