ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၆ ရက်က သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံး ၉ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ကြီးရုံး၊ လက်နက်ကြီးအထိုင်နေရာတွေ၊ စာသင်ဆောင်တွေအပါအဝင် ပစ်မှတ်အများစုကို ထိမှန်ပေါက်ကွဲခဲ့ပြီး အများစုထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဘုရင့်နောင် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်းဟာ မြန်မာပြည်အနှံ့မှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေကို အဓိကပေးနေတဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့က ပြန်လည်စတင်တဲ့ သင်တန်းမှာ အရာရှိစစ်သည် ၄၀၀ ကျော်သင်တန်းတက်ရောက်နေကြောင်း အတွင်းသတင်းရတဲ့အတွက် သင်တန်းချိန်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) တို့က KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Video – BWM

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲတွင် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းမကြီးအတိုင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ၊ ဒရုန်းဗုံးသီးချကာ RPG ဖြင့် ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ် ယာဥ်ကြောပိတ်ဆို့နေသည့်လမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ ကားများနှင့် ဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။