စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team – BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက် မနေ့က တစ်ရက်တည်းမှာပဲ ဘုတလင်မြို့နယ်အတွင်းက တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာနဲ့ ပါရာမော်တာ စက်တပ်လေထီးတွေက ၈ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေ ၃ နာရီခွဲအချိန်မှာ အကြမ်းဖက်ဖက်စစ်ကော်မရှင်ရဲ့ နမခတက် စက်တပ်လေထီးတွေက ဘုတလင်မြို့နယ်မြောက်ခြမ်း၊ တောင်ကလပ်ကျောင်းအောက်နားကို ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ကျောင်းသူ ၁ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဘုတလင်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ သခွတ္တနယ်ကျေးရွာအနီးကိုလည်း ဂျက်ဖိုက်တာ၂ စီးနဲ့ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သခွတ္တနယ်ရွာဦးမှာရှိတဲ့ ဆီဆိုင်မီးလောင်ပေါက်ကွဲပြီး အရပ်သား၂ ယောက် ထပ်မံသေဆုံးခဲ့ကြောင်း Budalin Mobile Team -BMT တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်ကော်မရှင်က အဲ့ဒီနေ့ညပိုင်းမှာပဲ နမခစစ်သင်္ချိုင်းတက် စက်တပ်လေထီးတွေနဲ့ သခွတ္တနယ်ရွာစျေးတန်းနားကို ထပ်မံဗုံးကြဲခဲ့ပါသေးတယ်။

” ဖြစ်စဉ်က နှစ်နေရာပါ။ ပထမဖြစ်စဉ်က အခုစစ်ကြောင်းဝင်နေတဲ့ရွာ ပဲပြစ်တောအရှေ့ရွာကို ပါရာမော်တာကြဲတာပေါ့။ အဲ့ရွာက G-12 ကျောင်းသူလေး ဆုံးသွားပါတယ်။ ကျောင်းတွေက စစ်ကြောင်းကြောင့် ပိတ်ထားတာ။ စစ်ရှောင်ကျောင်းသူပေါ့။ ဒုတိယဖြစ်စဉ်က ဒီအတိုင်းကို ဖိုက်တာနဲ့ချတာပါ” လို့ Budalin Mobile Team – BMT တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကစလို့ မုံရွာမြို့နယ်၊ ဖန်ခါးကျင်းရွာကတဆင့် ပေလမ်းဘေးကျေးရွာတွေကို ခြေကုတ်ယူရင်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ နမခတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပဲပြစ်တောရွာအတွင်း အထိုင်ချတပ်စွဲခဲ့တဲ့ အထက်ပါစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရှေ့ဆက်မတက်နိုင်သေးဘူးလို့လည်း ရွာဇော်ကြီးတော်လှန်အသံအဖွဲ့က ဖော်ပြထားပါတယ်။

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပုံ (ဓာတ်ပုံ BMT)

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ်တွင် စစ်ကျန်လက်နက်ပစ္စည်းကို ဆော့ကစားမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ တိုက်ပွဲတွေကနေ ကျန်ရစ်ခဲ့တဲ့ စစ်ကျန် လက်နက်ပစ္စည်းကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ယောက် သေဆုံးကာ ၂  ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲဖို့လုပ်ရင်း အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် မိုင်း Error ဖြစ်ပြီး ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ကနီ ချောင်းမတိုက်ပွဲမှ ထွက်ပြေးလာသည့် ဒုတပ်ကြပ်အပါအဝင် စစ်သား ၃ ဦးကို အရှင်ဖမ်းမိ အသေဖမ်းမိသူများလည်း ရှိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့

“စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိထားတာဖြစ်လို့ သုံ့ပန်းဥပဒေတွေအတိုင်း တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးသွားမှာပါ။ လက်ရှိကတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်လို့ ပုံမှန်အတိုင်း လည်ပတ်နေကြပါပြီ” လို့ ULF V 02 သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။