မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂၀ ရက်မှာ အလင်းဝင်ဖို့ ဆက်သွယ်လာတာဖြစ်ပြီး ၂၁ရက်မှာတော့ MRG တပ်ဖွဲ့က အဆိုပါ စစ်ကောင်စီတပ်သား စိုးမင်းနိုင်ကို သွားရောက်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ သွားခေါ်ရတဲ့ နေရာဟာ စစ်ကော်မရှင်တပ်စခန်းနဲ့ နီးတဲ့အတွက် အန္တရာယ်ကြားကနေ သွားရောက်ခေါ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“သွားကြိုတဲ့အခါ အခက်အခဲက ဂရုစိုက်ရတာပေါ့လေ။ တပ်ရင်းနားအထိဆိုတော့ ကိုယ့်ဘက်က နယ်မြေစိုးမိုးမှုရတဲ့နေရာ မဟုတ်ဘူးဆိုတော့ ၅၀ ၊ ၅၀ ပဲဆိုတော့ ဂရုစိုက်ရတာပေါ့။ ပြီးတော့ ဒီအရာက မျှားပြီးခေါ်တာလား ဘာလားပေါ့။ အဲဒါလည်းဂရုစိုက်ရတယ်” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့- MRG တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် စိုးမင်းနိုင်ဟာ ကျောက်ပန်းတောင်းနယ်ခံတစ်ယောက်ဖြစ်ပြီး လက်ပံပျားရဲစခန်းမှာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရကာ ဗထူးလေ့ကျင့်ရေးတပ်မှာ ၃လ စစ်သင်တန်းပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အခုတော့ တပ်သား စိုးမင်းနိုင်ဟာ ကင်းစောင့်တာဝန်ကျချိန်မှာ ၅.၅၆ ကျည် (၁၁၃)တောင့်၊ လက်ပစ်ဗုံးသီး (၂)လုံးကို ယူဆောင်ကာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ထံ အလင်းဝင်လာခဲ့တာပါ။ အလင်းဝင်လာသူ စိုးမင်းနိုင်ကို MRG တပ်ဖွဲ့ ဂုတ်ပြုငွေ ချီးမြှင့်ကာ မိသားစုထံ ကောင်းမွန်စွာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကောင်စီက ထောင်နှင့်ချီသည့် အရပ်သားများကို စစ်မှုထမ်းခိုင်းဖို့ကြိုးစားနေ၊ ခရီးသွားများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများရှိလာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
Read More

ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ်-၂ စစ်ကြောင်း၏ အမှတ်စဉ် ၁/၂၀၂၅၊ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်းက အမှတ်စဉ် ၁/၂၀၂၅ ၊ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်က အမှတ်-၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။