စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့သလို နေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၄ ရက် မနက်ပိုင်းက ပုရစ်ကုန်း (တောင်) ရွာနားမှာ ပျူစောထီးတစ်ယောက် မိုင်းပေါက်ကွဲကာ သေဆုံးသွားတဲ့ဖြစ်စဥ် ရှိခဲ့ပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ တောပုရွာက ပျူစောထီးတွေဟာ ရွာနားနီးစပ်ဖြစ်တဲ့ ပုရစ်ကုန်း (တောင်) ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်မှာ အိပ်ပျော်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ကို ဖမ်းဆီးကာ ရွာပြင်မှာ သတ်ခဲ့သလို ရပ်ကျေးပကဖတွေရဲ့ နေအိမ်နဲ့ သူတို့ရဲ့ ဆွေမျိုးနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့နေ့မနက်ခင်းက မိုင်းကွဲတာ တောပုပျူတစ်ယောက် သေသွားတယ်။ အဲဒါကြောင့် ရွာထဲက အိမ် ၃လုံးကို မီးရှို့တာ၊ ရှို့ခံရတဲ့အိမ်တွေက ရပ်ကျေးပကဖ အိမ်နဲ့ သူ့ဆွေမျိုးတွေရဲ့ အိမ်လို့သိရတယ်။ ဖမ်းခံရတဲ့သူက ပကဖ ရဲ့တူ အလည်ပြန်လာတုန်း ခဏအိပ်နေတာ၊ ပျူတွေကနှိုးပြီး မင်းက −−− နဲ့ ဘာတော်လလဲလို့မေးတာ တူတော်တာလို့ ဖြေလိုက်တော့ တစ်ခါတည်းဖမ်းသွားတာ။ တော်လှန်ရေးထဲက ရဲဘော်ကလေးပဲ”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ တော်လှန်ရေးရဲဘော်ကို တောပုရွာထဲခေါ်သွားပြီး နာရီဝက်လောက်အကြာမှာတော့ သေနတ်ဒဏ်ရာ များစွာနဲ့အတူ ရွာထိပ်မှာ လာရောက်ပစ်ချသွားတယ်လို့ သိရပါတယ်။

ပုရစ်ကုန်း (တောင်) ရွာဟာ တောပုပျူရွာနဲ့ နီးတဲ့အတွက် ကျေးရွာအတွင်း သာမန်အခြေခံလူတန်းစားတချို့သာ ကျန်ခဲ့ပြီး ငွေကြေးအဆင်ပြေသူတွေကတော့ မြို့ပေါ်မှာ သွားရောက်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

“မီးရှို့ခံရတဲ့ ပကဖ အိမ်က လူတွေက မနေတာကြာပြီ။ တခြားရွာသားတွေကတော့ နေကြတယ်။ ရွာထဲက ပိုက်ဆံရှိတွေကတော့ မြို့ပေါ်တွေ ပြောင်းနေတာကြာပြီ။ အဲ့ရွာက အရင်လိုမဟုတ်တော့ဘူး။ ဒလန်မရှင်းတာ ကြာတော့ သတင်းပေးတွေကပေါတယ်။ အခုလည်း ကောင်လေးအသတ်ခံလိုက်ရတာဟာ ဒလန်သတင်းပေးတဲ့ပုံစံ” လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းကလည်း တောပုရွာ ပျူစောထီးတွေက တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ အစ်မကို ပုရစ်ကုန်း(တောင်)ရွာက သင်္ချိုင်းနားမှာ သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို ဖြူးမြို့နယ် ပကဖ ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအခြေစိုက် ဖြူးမြို့နယ်ပြည့သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဖြူးမြို့နယ် လူသားစာနာ တာဝန်ခံတွေက ရေဘေးကြောင့် ဒုက္ခရောက်နေသူတွေကို အိမ်တိုင်ရာရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်နဲ့ပေါက်အစပ် ကျေးရွာများကို စစ်ကောင်စီ ညသန်းခေါင်ယံ ဗုံးကြဲ၊ အရပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အစပ်၊ လက်ပံတို ရေနံမှော်အနီးရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

မိတ္ထီလာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။