ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၅ ရက် မနေ့ည ၁၁ နာရီကျော်လောက်မှာ မြောက်ဦးမြို့နဲ့ ချောင်းတစ်ခုသာခြားတဲ့ ဒိုင်းကျီကျေးရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် မိသားစုဝင် ၆ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့ပြီး ၂၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“လူအိပ်ချိန်ဆိုတော့ ပြေးချိန်မရလိုက်ကြဘူးပေါ့။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များတာပါ။ သေဆုံးသူ ၁၂ ဦးထဲမှာ မိသားစုတစ်စုလုံး သေသွားပါတယ်။ မိသားစုက ၆ ယောက်ပါ။ သေဆုံးဒဏ်ရာရတာမှာ ကလေးငယ်တွေလည်း ပါပါတယ်” လို့ မြောက်ဦးဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မြောက်ဦးမြို့ဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၂ရက် ညပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်အုပ်စု၊ ရွာမကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

(ဓာတ်ပုံ APM)

0 Shares:
You May Also Like
Read More

ရှမ်းပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၅၁) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်..

ရှမ်းပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၅၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၂၉) ယောက် စုစုပေါင်းအရပ်သား (၅၁) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ညောင်ခြေထောက်မြို့၊ မျက်နီကွင်းရွာ စစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုအတွင်း UG တပ်များလည်း ပါဝင်ခဲ့

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့က စစ်အုပ်စုတပ်စွဲထားတဲ့ မျက်နီကွင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်ခဲ့ကြောင်း ကျားသစ်နက်မြို့ပြပြောက်ကျား Black Leopard UG တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
Read More

ဖယ်ခုံ၊ လအိကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်က ကျေးရွာဖြစ်တဲ့ လအိကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။  
Read More

သဲကုန်းမြို့နယ် ကျေးရွာများကို စစ်ကော်မရှင်တပ် မီးရှို့မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ CDM စစ်သားနဲ့ရဲတွေ ကြိုဆို

CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမှာ စစ်လက်နက်ကြွင်းကျန် ပေါက်ကွဲမှုဖြစ်ပွား၊ ၈နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာမှာ စစ်လက်နက်ကြွင်းကျန် လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံ ၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး ကိုရင်ငယ်လေး တစ်ပါးအပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။