အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်တာကြောင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” မဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင်ကနေ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားမဝင်သလို လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် KNU အနေနဲ့ လုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ရွေးကောက်ပွဲဟာ အာဏာရှင်သက်ဆိုးရှည်စေရေးအတွက်သာ ဖြစ်ပြီး လက်ရှိနိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်သလို ပဋိပက္ခတွေ၊ ဒေသတွင်းမတည်ငြိမ်မှုတွေကို ပိုတိုးလာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က အသစ်ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်‌ပေးရေးဥပ‌ဒေကို ပြင်ဆင်လိုက်တာကြောင့် ပြည်သူတွေ အကြောက်တရားအောက်မှာ ဆန္ဒမပါဘဲ ပါဝင်ရမယ့်အခြေအနေ ဖြစ်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က အာဏာသိမ်းမှု သက်ဆိုးရှည်စေဖို့၊ တရားဝင်မှုရရှိစေဖို့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်ကိုအကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲသာဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အဆိုပါရွေးကောက်ပွဲမှာ ပါဝင်ရင် အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ ဖြစ်သွားနိုင်တာကြောင့် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကြဖို့ KNU က ဆိုပါတယ်။

KNU အနေနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှုကနေ ရလာတဲ့ သဘောတူညီချက်နဲ့ ရေးဆွဲအတည်ပြုပြဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကသာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

ဒါကြောင့် စစ်အုပ်စု ရွေးကောက်ပွဲအဖြစ်ကျင်းပမယ့် “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ကို ပြည်သူတရပ်လုံး ပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားကြဖို့ KNU က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း KNU ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေ၊ (၂၂၂၅) ဦး ဒဏ်ရာရရှိခဲ့…

ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီနယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု နှင့် ကာကွယ်ရေးတပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက ၂ ဦး သေဆုံး

တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်လာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People's Defence Force - မြိတ်ခရိုင်တပ်ရင်း (၂) ဆီက သိရပါတယ်။
Read More

ဆိုင်ခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ လှိုင်ရတနာဈေး မီးလောင်မှု

ရန်ကုန်မြို့က သက်တမ်းရင့် ဘာဒါစျေးလို့ လူသိများတဲ့ လှိုင်ရတနာစျေးမီးလောင်ကျွမ်းမှုမှာ တစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။