တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ တင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သဩဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ် ကား ၆ စီးကို ရမ်းဖိုကျေးရွာ ဆီအုန်းကုန်းအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ကားပေါ်ပါတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေနဲ့  လမ်းကင်းချထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်သားတွေ ပူးပေါင်းပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ နဲ့ ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ မသိရသေးဘူးလို့ ဗိုလ်ခရင်းတပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ပကဖ၊ တနင်္သာရီရိုးမဇုန်(၃)နဲ့ ဗိုလ်ခရင်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကမ်းဖြူကျေးရွာ ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည့် အကြမ်းဖက်စစ်သားများအား တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာက ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက် သေဆုံးပြီး PDF ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ကသတင်းထုတ်ပြန် ထားပါတယ်။
Read More

မင်းကွန်းကထွက်လာသည့် အကြမ်းဖက်စစ်သားများ စစ်ကြောင်းပျက် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြားသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

BPLA မှ အညာဒေသတိုက်ပွဲတွေအတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

''ကိုယ့်ဘက်က စစ်ဦးသာနေချိန်မှာ ရန်သူကို အနားမပေးပါနဲ့။ စစ်အုပ်စုကို တကယ်အမြစ်ဖြတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မနားပါနဲ့''လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ပလမြို့ထဲ အကြမ်းဖက်စစ်တပ်ကို ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်သည့် မှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့ထဲမှာ အကြမ်းဖက်စစ်တပ်ကို သြဂုတ်အတွင်း ဒရုန်းစစ်ဆင် ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသ-၁၊ တနင်္သာရီတိုင်းစစ်ဌာန၊ အမှတ် (၁၈၁၄) တိုင်းဒရုန်းတပ်ဖွဲ့ Dragon Squad - TNI က ထုတ်ပြန်လိုက်ပါတယ်။
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ် သီပေါမြို့ရှိ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။