မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

Sky Villa အဆောက်အအုံ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ဒီနေ့ နေ့လယ်ပိုင်းမှာ အဆောင် (A)၊ အခန်းအမှတ် A4 က အမျိုးသား(၂) ယောက်နဲ့ အမျိုးသမီး(၂) ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အဆိုပါရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Sky Villa အဆောက်အအုံ A အဆောင်ကို ဆက်လက်ရှင်လင်းရာ မွန်းလွဲပိုင်းမှာတော့ အဆောင် (A)၊ အခန်းအမှတ် F3 ကနေလည်း အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၂) ယောက်ရဲ့ ရုပ်အလောင်းတွေကို ထပ်မံထုတ်ယူနိုင်ခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်နဲ့ပဲ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ ထပ်မံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး နိုင်ငံတစ်ဝန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်မှုမရှိဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ခြေလျင်စစ်ကြောင်း ထိုးတာတွေကို တောက်လျှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထုထောက်ခံမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို အကြမ်းဖက်စစ်အုပ်စုက အစောတလျင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီး ရွေးကောက်ပွဲ အကြောင်းပြကာ အကြမ်းဖက်မင်းအောင်လှိုင်က အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှူများ ရှိခဲ့၊ ဒုတပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ရာ စစ်ကောင်စီ ဒုတပ်ကြပ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်လက်နက် ပစ္စည်းများစွာကိုလည်း ရရှိခဲ့ကြောင်း 9/A Nyar Myae Operation က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။