စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 

”လူငယ်တို့၏ အညွန့်အတက်များကို ရိုက်ချိုးလေ့ရှိသော အာဏာရှင်ကို သင်ကိုယ်တိုင်ကြုံတွေ့နေရပြီ မိတ်ဆွေ။ ခင်ဗျားက လူငယ်တစ်ယောက်အနေနဲ့ ဘာသိဘာသာနေတတ်တဲ့လူမျိုးလား ( or ) ယနေ့ခေတ်မျက်မှောက်ကို သင်ကိုယ်တိုင် ဝင်ဖြေရှင်းမယ့် လူမျိုးလား”လို့ SSNDF / KNDF B-102 က မေးခွန်းထုတ်ထားပါတယ်။ 

စစ်မှန်ပြီး လွတ်လပ်တဲ့ လူငယ်တွေရဲ့ အခွင့်အရေးကို ဆုံးရှုံးနေရတယ်လို့ ခံစားနေရတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူတွေအနေနဲ့ SSNDF / KNDF B-102 နဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တော်လှန်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Video – SSNDF / KNDF B-102

0 Shares:
You May Also Like
Read More

တပ်မ ၁၀၁နဲ့ လက်အောက်ခံတပ်ရင်းတွေကို အဝေးပစ်ဒုံး ပစ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး အများအပြားထိခိုက်

ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။