စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ ၂၀ ရက်အထိ ကန့်ဘလူမြို့နယ်ထဲက ရွာမရွာသစ်၊ ထိန်တော၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်းရိုးနဲ့ ကျေးပင်အက်ရွာတွေကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ကျေးရွာတွေအတွင်း ပြည်သူ ၉ ယောက်ကို မီးရှို့သတ်ခဲ့သလို ပြည်သူပိုင်နေအိမ် အလုံး ၄၃၀ ကျော်နဲ့ စာသင်ဆောင် ၄ ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူတွေကတော့ စစ်ရှောင်နေရတုန်းပဲဗျ။ လက်ရှိစစ်ကြောင်းကတော့ ကျီကျင်းရွာဘက်ကို ရောက်သွားပါပြီ”လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေဟာ ရွာမရွာသစ်ရွာက  ပြည်သူပိုင်နေအိမ် ၄ လုံး၊ ထိန်တော (တ/မ) ရွာက နေအိမ် ၇၅ လုံး၊ သရက်တာရွာက နေအိမ် ၇၈ လုံး၊ အင်္ဂါဒေါင့်ရွာက နေအိမ် ၃၁ လုံး၊ ကိုင်းရိုးရွာက နေအိမ် ၁၂ လုံးနဲ့ ကျေးပင်အက်ရွာက နေအိမ် အလုံး ၂၃၀ ဖြစ်ပြီး စာသင်ဆောင် (၄) ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

“ပြည်သူတွေ ပျောက်တာက စုစုပေါင်း ၉  ယောက်၊ ထိန်တောဘက်မှာ  မီးရှို့သတ်ထားတာ ၅ ယောက်လို့ပြောတယ်၊ ကျနော်တို့ရွာ ကျေးပင်အက်မှာ အလောင်း ၄ လောင်း တွေ့တယ်။ ဘယ်သူဘယ်ဝါတော့ မှန်းလို့မရဘူး၊ ပျောက်ဆုံးနဲ့ လိုက်စစ်နေရတာ၊ ကျနော်တို့ရွာမှာ သတ်သွားတာ တော်တော် ဆိုးပါတယ်ဗျာ။ ဓားနဲ့ခုတ်သတ်ပြီး အလောင်းတွေ မီးရှို့သွားတာဗျ။ ကျနော်တို့ရွာက အသက် ၅၀ ဝန်းကျင် ကိုမိုးညိုတစ်ယောက် ရှာမတွေ့ဘူး ပျောက်နေတယ်၊ အခုတော့ သေဆုံးစာရင်းထဲပဲ ထည့်လိုက်ပါပြီ။ သရက်တာကလည်း ၃ ယောက်၊ ရီးဒွေးက ၁ယောက်၊ ထိန်တောက ၄ ယောက်လို့သိထားတယ်ဗျ” လို့  ကျေးပင်အက်ရွာခံတစ်ယောက်က ပြောပါတယ်။  

ဒေသခံတွေဟာ စစ်တပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကနေ ရှောင်တိမ်းထွက်ပြေးနေရဆဲ ဖြစ်တာကြောင့် သေဆုံးသူတွေရဲ့ နာမည်တွေ သိရဖို့ ခက်ခဲနေပြီး ကျေးပင်အက်ကျေးရွာဟာ ၂ ကြိမ်မြောက်  မီးရှို့ခံထားရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းဟာ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ဘူးကုန်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုအတွင်း လမ်းကြောပေါ်ရှိ ဆီဘောက်စာကားကို မီးလောင်ဖို့ရည်ရွယ်ကာ ‌သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ကားကို မထိမှန်ဘဲ ကားဆရာ ၂ ယောက်  ထိမှန်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဩဂုတ်လ၂၄ ရက် မနေ့ကလည်း ကျီကျင်းရွာဘက် စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာခံတွေဟာ အနီးနားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးပင်အက်ရွာမြင်ကွင်း( ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်))

0 Shares:
You May Also Like
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။