တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့မှာ ထားဝယ်ဘက်ကလာတဲ့ အမျိုးသားတစ်ယောက် လောင်းလုံး မောင်းမကန်ဘက်ကို ဆိုင်ကယ်မောင်းနှင်လာချိန် လောင်းလုံး ပကဖ ဇုံ (၁) က ရှောင်တခင်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြားတွေနဲံအတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“သူ့ကို စစ်ဆေးတဲ့အချိန်မှာ သူ့မှာပါလာတဲ့ ပစ္စည်းထုပ်ထဲမှာ မူးယစ်ဆေးဝါး တွေ့ရှိတာ။ စကစ က ပစ္စည်းပို့ခိုင်းရင် တပ်ရင်း/ရဲစခန်း စကစရဲ့ နေရာတော်တော်များများကို ပို့ပေးနေတာ တော်တော်ကြာပြီ” လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မြို့နယ်လုံခြုံရေးမှူး ကိုရသက မောင်းကို ပြောပါတယ်။

WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား

အဆိုပါ အမျိုးသားထံက WY စိတ်ကြွဆေးပြား (၅၇၃) ပြား တွေ့ရှိခဲ့ပြီး သူ့ကို သက်သေခံပစ္စည်းတွေနဲ့အတူ လောင်းလုံး ပကဖ ဇုံ(၁) ကနေ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ထံ လွှဲပြောင်းအပ်နှံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်းလုံးမြို့နယ်မှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“အခုဖမ်းမိတဲ့သူကိုတော့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြစ်ဂဏ်စီရင်မှုအပိုင်းကတော့ မြို့နယ် ပအဖ ကပဲ ဆုံးဖြတ်လိမ့်မယ်။ မူးယစ်ဆေးဝါးကတော့ အမြဲလိုလို ဖမ်းမိတာတွေ ရှိတယ်။ ကျနော်တို့ ပလဖ စတင်ဖွဲ့စည်းပြီး ၆လအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ မကြာခဏ မိတာတွေရှိတယ်။ အသက် ၁၃/၁၄နှစ် လူငယ်တွေတောင် မူးယစ်ဆေးဝါးသုံးစွဲလာတာ တွေ့ရတယ်” လို့ မြို့နယ်လုံခြုံရေးမှူး ကိုရသက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာရှိ နေအိမ်မှာ လောင်းလုံး ပလဖ က ဦးဆောင်ပြီး ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ အသက် ၂၄နှစ်အရွယ် အမျိုးသားတစ်ယောက်ဆီက WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၉ ပြား၊ ဖုန်း ၁လုံးနဲ့ ငွေသား (၂သောင်းကျပ်) ကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချက်သမ္မတနိုင်ငံက Peace Foundation တစ်ခုရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို NUG ကိုယ်စားလှယ် တက်ရောက်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ဟာ စက်တင်ဘာလ ၂၁ ရက်က ချက်သမ္မတနိုင်ငံ ပရာဟာမြို့မှာ Heavenly Culture, World Peace, Restoration of Light (HWPL) -Czech Republic က ကြီးမှူးကျင်းပတဲ့ Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်လို့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော်သွားပြီ၊ လစဉ် လူဦးရေ ၅၀ လောက် ဖမ်းဆီးခံနေရ

စစ်အာဏာသိမ်း (၃)နှစ်ကျော်အတွင်း လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဝေဖန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမိလို့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ နိုင်ငံတဝန်းမှာ ၁၈၀၀ ကျော်သွားပြီလို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား SSPP/SSA ဌာနချုပ်တွင် ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။