တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ရက်၊ မနက် ၅နာရီဝန်းကျင်က ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်တင်ကားတစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးကာ MA1 သေနတ် ၂လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ၅လုံး၊ လက်ပစ်ဗုံး ၅လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့အတွင်း ထောက်လှမ်းရေးသုံး Drone နဲ့ အရင်ကင်းထောက်ပျံသန်းပြီး K8W အမျိုးအစား တိုက်လေယာဥ်နဲ့ ဗုံးသီး ၆လုံးကြဲချခဲ့ပါတယ်။ လက်ရှိမှာ စစ်ကြောင်းကတော့ ရှေ့ဆက်မတိုးဘဲ ရှိသေးပါတယ်။ စစ်တပ်က သေဆုံးတွေက မျက်မြင်တွေပါပဲ။ Video ထဲမှာ တချို့ပါပါတယ်” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဓဝယ်တပ်တော် (DNLA) မှ ရဲဘော် ၁ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသလို ရဲဘော် ၃ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံမှာ သိမ်းဆည်းရရှိသည့် ပစ္စည်းများ (ဒူရကစစ်ကြောင်း)

တနင်္သာရီတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေး လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လိုက်နာကြဖို့လည်း ဒူရကစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

အထက်ပါ တိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ဧဒင်မှူး၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ (၇)နဲ့ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

ကြို့ပင်ကောက်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကိုင်းယားရှည်ရွာမှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3801 တပ်ခွဲ 5 ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမှာ လူငယ်တွေကိုဖမ်းဆီး၊ ရွာတွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ရွာ ၅ ရွာက လူ ၇ ထောင်ခန့် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၅ ရွာက အရပ်သား ၇ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) ဖြစ်ဟု NUG ဆို၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအား အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ ဟု ခေါ်ဝေါ်သုံးစွဲခြင်းများ မပြုရန် တောင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။