ရှမ်းပြည်နယ် လားရှိုးမြို့ပေါ် ရပ်ကွက် ၅ မှာ သေနတ်ပစ်ဖောက်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၃ ရက် ညနေပိုင်းအချိန်မှာ အမျိုးသမီး မောင်းနှင်လာတဲ့ အိမ်စီးကားနောက်ကို အမျိုးသား ၂ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာကာ သေနတ်ပစ်ဖောက်ပြီး ကားကို လုယက်သွားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုအရ ကားပေါ်မှာ အမျိုးသမီး ၂ ယောက်စီးနင်း လိုက်ပါလာပြီး ၁ ယောက်ကို နေအိမ်ရှေ့မှာ ချထားပေးပြီးနောက် နောက်ကလိုက်လာတဲ့ ဆိုင်ကယ်ပေါ်က အမျိုးသား ၂ ယောက်ဟာ သေနတ်ပြခြိမ်းခြောက်ကာ ကားကို လုယက်သွားတာဖြစ်ပါတယ်။

လုယက်ချိန်အတွင်း ပတ်ဝန်းကျင်မှာ လူသွားလူလာတွေရှိနေပြီး ကားကို ပြန်လည်ရယူဖို့ ကြိုးစားတဲ့ အမျိုးသမီးကို ဟန့်တားတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခဲ့ရာ ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်ကိုင်း တပ်မ ၃၃ ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ်တန်းကို ဇန်နဝါရီ ၇ ရက် မနေ့က ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူ‌စောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Dynamite - Special Task Forceမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

အုတ်တွင်း မြို့စိုးတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ထက်စည်သူ၏ ပြောကြားချက် (ရုပ်/သံ)

''မင်းတို့ အလင်းဝင်မယ်ဆိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မင်းတို့ကို မသတ်ပစ်ဘူးဆို ရင်တောင်မှာ မင်းတို့ကောင်တွေကို ရှေ့တန်းပို့မယ်၊ မင်းတို့ခြေထောက်တွေကို ခြံခြေချင်းခတ်ပြီး တော့ အဲလိုတွေ ပြောတယ်''