စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ်လ (၆) ရက်ကနေ (၁၅) ရက်အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူနဲ့ စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ က ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးတဲ့ ခန့်မှန်းအင်အား (၁၂၀) ကျော်ပါတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁၀ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အလောင်း (၃) လောင်းရရှိခဲ့ပြီး စစ်သုံ့ပန်း (၁) ယောက် အရှင်ဖမ်းမိခဲ့သလို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ဟိန္ဒူ၊ ဂေါ်ရခါးလူမျိုး စစ်မှုထမ်းစစ်သား အများအပြား သေဆုံးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဆီက MG-42 (၁) လက်၊ BA-100 (၁) လက်၊ MA-4 (၁) လက်၊ MA-E (၂) လက်၊ MA-1 (၂) လက်၊ MA-3 (၂) လက်၊ G-3 (၁) လက်၊ MG-42 ပြောင်းပို  (၂) ခု၊ RPG ဒုံးသီး (၅) ခု၊ ကျည်ဘောက်မျိုးစုံ (၂၄)  ခု၊ ၄၀ မမ ဗုံးသီး (၁၂) လုံး၊ ၇.၆၂ ကပစကျည် (၁၉၀၃ ) တောင့်၊ ၅.၅၆ ကပစကျည် (၁၃၈၉ ) တောင့်၊ ၁၄ မိုင်း (၅) ခု၊ ၈၄ မမ မှန်ပြောင်း (၁) ခု၊ ၈၁ မမ မှန်ပြောင်း (၁) ခု၊ အီနာဂါ ဗုံးသီး (၁) ခု၊ ကျည်ကာဦးထုပ် (၁) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ အမှတ် (၅) အထူးလှုပ်ရှားတပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင်  အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland-Drone Team တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်အာဏာရှင်လက်ထက် ကျောင်းတွင်းအကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာ၊ “ကျမတို့ခေတ်က အဲ့လိုအခြေအနေတွေနဲ့ မကြုံခဲ့ရဘူး။ ကလေးတွေက စရိုက်ကတော့ အစုံရှိကြတယ်။ ဆိုးကြတယ်။ မရိုင်းကြဘူး”

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မတရားအာဏာလု အုပ်ချုပ်နေတဲ့ လက်ရှိအချိန်မှာ  ကျောင်းသားကျောင်းသူအချင်းချင်း အကြမ်းဖက်မှုတွေ ပိုမိုကျယ်ပြန်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများကို မတရားသတ်ဖြတ်၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချနေဟု KNDF ဗျူဟာ ၉ ထုတ်ပြန်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာမှု မလုပ်ရန် အသိပေးတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချသလို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ ၉ က ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၅) ဦး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် (၅) ယောက် သေဆုံးခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။
Read More

ဆီးရီးယားလိုပဲ မြန်မာပြည်သူတွေ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ပြော၊ “လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူး” ဟု ဆို

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။