ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။

သြဂုတ်လ ၂၃ရက် ညနေပိုင်းက နမ့်မဖြစ် ကျေးရွာအနီးကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးလာချိန် တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာကာ ပြန်လည်ဆုတ်ခွာသွားပြီး သူတို့စီးနင်းလာတဲ့ ကားတစ်စီး၊ ကားပေါ်ပါလာတဲ့ ဒရုန်းအကြီး ၄စီးနဲ့ ကင်းထောက်ဒရုန်း အသေး ၁စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ ညနေ ၅နာရီခွဲလောက်ကလည်း လုံးခင်းကျေးရွာဘက်ခြမ်းမှာ KPDF ဝတ်စုံတွေ ဝတ်ဆင်ကာ အိမ်စီးကားတွေနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေက မှော်စီစာကျေးရွာ၊ ဆောင်းချိန်အပိုင်းရှိ ဒေသခံတစ်ယောက်ကို ပစ်ခတ်ပြီး ကားကို ဓားပြတိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ထံမှ သိမ်းဆည်းရရှိသည့် ဒရုန်းများ



ဒါ့အပြင် မှော်စီစာကျေးရွာမှာရှိတဲ့ သစ်ဆန်း ကားဝပ်ရှော့က အရပ်သား အမျိုးသား ၆ယောက်ကိုလည်း စစ်အုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားကာ ဒီနေ့အချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နဲ့ ပြည်သူတွေအကြား မှိုင်းတိုက်ဖို့အတွက် စစ်ကော်မရှင်တပ်တွေက KPDF ဝတ်စုံတွေ ဝတ်ဆင်ကာ မှော်ဒေသအတွင်း သေချာအကွက်ချ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ KIA/KPDF တို့ စစ်ရေးတင်းမာလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးဒေသတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း Billboard များ ထောင်

မန္တလေးဒေသမှာ အာဏာသိမ်းစစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားပါ Billboard တွေ စိုက်ထူကာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။