အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။

NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စန်ချုပ်ငြိမ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်မှ ဦးတည်ချက် (၆) ရပ်ကို ကိုင်စွဲသွားမှာဖြစ်တယ်လို့ NUCC က ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာလည်း Articlea Transitional Arrangement ဖက်ဒရယ် အသွင် ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲအတည်ပြုပြီး လွတ်မြောက်နယ်မြေအသီးသီးမှာ ကျင့်သုံးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိညာဉ်ပါ ပြည်ထောင်စု မျှော်ရည်ချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို အာမခံတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အခြေခံလူ့အခွင့်အရေးမှ အစပြုပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ စံတန်ဖိုးတွေနဲ့ တည်ဆောက်မယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုတည်ဆောက်တဲ့ ကဏ္ဍအသီးသီးမှာလည်း အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု မရှိဖို့နဲ့ မသန်းစွမ်းသူတွေရဲ့ လိုအပ်ချက်တွေကို သိနားလည်ကြီး ခွဲခြားကန့်သတ်မထားရှိဖို့ နေရာအသီးသီးမှာ ပျံ့နှံ့နေထိုင်ကြတဲ့ လူနည်းစုတွေအပေါ်မှာလည်း အကာအကွယ်ပေးနိုင်ဖို့ကို ဥပဒေတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးရပ်တည်ချက်ထဲမှာတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွေအဖြစ် သတ်မှတ်ပြီး လုံးဝဆန့်ကျင်ကန့်ကွက်မှာဖြစ်သလို အနာဂါတ်နိုင်ငံရေးမှာလည်း လက်နက်ကိုင် စစ်တပ်တွေကို အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရှိရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်က လုက်ဆောင်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်မှာဖြစ်ပြီး တော်လှန်ရေးအချင်းချင်းကြား ဖြစ်ပျက်တဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ ဆွေနွေးရေးလမ်းစဉ်နဲ့ ဖြေရှင်သွားမယ့်အပြင် နိုင်ငံရေးပြဿနာတွေကိုလည်း ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရင်း နိုင်ငံ​တကာကနေ ပေးပို့တဲ့ လူသားချင်း စာနာထောက်ပံ့မှုတွေကို နယ်စပ်ဖြတ်ကျော်ကူညီဆောင်ရွက်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်အနုပညာရှင် ၁၃ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတွေနဲ့အတူ ဆန့်ကျင်နေတဲ့ အနုပညာရှင် ၁၃ ယောက်ကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာ ဖြန့်ဝေနေကြပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူရေး လိုအပ်တဲ့ ကွန်ပျူတာ ဝယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူး ပိုက်ဆံလိုက်ကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

Freedom Fighter Guerrilla Force ရဲ့ စစ်သင်တန်း ဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲကို ရှေ့တန်းမှာ အကျဥ်းချုံး ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။