ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်၊ ထနောင်းစစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်ဟိန်းထက်နှင့် ရဲဘော်သန့်ဇင်တို့ဝါ စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ဒဏ်ရာ အသီးသီး ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာတွေနဲ့အတူ ရဲဘော်ဟိန်းထက်က ဩဂုတ်လ (၁၉) ရက်မှာ ကျဆုံးခဲ့ပြီး ရဲဘော်သန့်ဇင်ကတော့ ဩဂုတ်လ (၂၁)ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်ဟိန်းထက်ရဲ့ စျာပနအခမ်းအနားကို ဩဂုတ်လ (၂၁)ရက်မှာ ပြုလုပ်ခဲ့ပြီး ရဲဘော်သန့်ဇင်ရဲ့ စျာပနအခမ်းအနားကိုတော့ ဩဂုတ်လ (၂၂)ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်ဟိန်းထက်၊ ရဲဘော်သန့်ဇင်တို့အပြင် အခြား ကျဆုံး ရဲဘော်တွေကိုယ်စား တပ်ရင်း(၈၀၅) အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အားသွန်ခွန်စိုက် ပိုမိုကြိုးစား တာဝန်ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူးလို့ SNLD သတိပေး

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။