စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၀)ရက်က အကြမ်းဖက်စစ်တပ်ဟာ Y 12 နဲ့ ကောလင်းမြို့အရှေ့ပိုင်းကို လေးကြိမ်တိတိဗုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးအလုံး (၃၀) ကျော် ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ကြေညာထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားတွေကို ဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ပကဖ အသံက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြား ကျေးရွာများမှ မီးဘေးသင့်စစ်ရှောင်ပြည်သူများကို အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေး

မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် လူထု၏ထောက်ခံမှု ထပ်မံရရှိရေး အလုပ်နှင့် သက်သေပြသွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

“အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တာကြောင့်၊ အကန့်အသတ်တွေ ရှိပါတယ်။ အဲဒီလို အကန့်အသတ်တွေကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်မှန်းချက်ကိုလည်း သွေဖယ်မသွားအောင် အထူးဂရုစိုက်ပြီး လုပ်ခဲ့ကြရပါတယ်”
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

တစ်နှစ်တာအတွင်း ရခိုင်မှာ အရပ်သား ပြည်သူ ၇၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တစ်နှစ်တာ အတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့  အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။