ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်က KNU မူတြော်ခရိုင်ရဲ့ KNLA တပ်မဟာ ၅ ၊ တပ်ရင်း ၁၀၂ ထိန်းချုပ်​နယ်မြေမှာ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်နဲ့ ကျည် ၃၄၀ တောင့်တို့ကို ယူဆောင်လာတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၉ ရက်မှာတော့ KNU မူတြော်ခရိုင်နဲ့ တပ်မဟာ ၅ တာဝန်ရှိသူတွေက အလင်းဝင်ရောက်လာတဲ့ စစ်သားသစ် ၂ ယောက်ကို ဂုဏ်ပြု ကြိုဆိုပွဲပြုလုပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ KNU မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။