မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။

သရက်ကန်ပျူစခန်းက ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၂၀ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရွာအတွင်းရှိ ပြည်သူ ၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၆ ရက် မနေ့က မိုးရွာထဲမှာပဲ အလစ်အငိုက်ယူကာ ထပ်မံပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိသွားကာ သရက်ကန်ပျူစခန်းတောင်ဘက် ၂ မိုင်အကွာက တွင်းမပျူစခန်းကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့၊  RPG အဖူး ၃ ဖူး၊ G3 ကျည် ၂၇ တောင့်၊ ၅.၅၆ ကျည် ၉ တောင့်နဲ့ G3 ကျည်ဘောက် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ TYK ပြောက်ကျားတပ်ဖွဲ့၊ Pakokku Pepole Defence Force(PPDF)၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊ ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စကြာ်၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန်၊ Kamma Revolution Force (KMRF)၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Tiger Warrier Force၊ မြိုင်ရာဇာ တပ်ဖွဲ့ဦး၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC၊ နံ့သာမြေရက္ခ၊ God of Myaing၊ Union Brother၊ Hunter Pakokku၊ Red Giant (RG)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ် ကာမီကာဇေဒရုန်းများ အသုံးပြု တိုက်ခိုက်လာ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် နယ်စပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ကာမီကာဇေဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တိုက်ပွဲတခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်စုမှူး ဗိုလ်ကြီး ဘုန်းပြည့်နိုင်

''ကျွန်တော်တို့က လူဆိုတာ တစ်ကိုယ်တည်းသမားမဟုတ်ဘူးလေ။ ကျွန်တော်က လူပျိုဆိုပေမယ့် အခြားအိမ်ထောင်သည်တွေပါမယ်၊ ကလေးရှိတဲ့ ရဲမေတွေပါမယ်။ တကယ်လို ကျွန်တော်က လက်နက်မချဘူးကွ မင်းတို့ အသေခံတိုက်လို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ယောကျ်ားသားတွေ ဆုံးသွားခဲ့ရင် ကျသွားခဲ့ရင် ဒုက္ခရောက်မယ့် မိသားစုတွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့အနေ နဲ့ သစ္စာဖောက်တယ်လည်း ပြောလို့မရဘူးလေ။ လူက ကိုယ်အတွက် အကောင်းဆုံးထင်တာကို လုပ်မှာပဲလေ။ ဒါကြောင့် ကျွန်တော်တို့က သစ္စာဖောက်တယ်လို့တော့ မဟုတ်ဘူးပေါ့"
Read More

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် မော်တော်ယာဉ်များ မျောပါ (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးလာပြီး ရေကြီးရေလျှံလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာ၊ ရေဖြူမြို့ရဲစခန်းနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။