မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၁ ရက် ညဥ့်နက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ရေနံချောင်းမြို့နယ်၊ လေးတိုင်စဥ်ကျေးရွာရှိ ဆေးခန်းနဲ့ မူကြိုကျောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မရှိဘဲ MI-29 ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂လုံး ကြဲချ ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရေနံချောင်း PDF က ဆိုပါတယ်။

ဩဂုတ်လ ၂၂ ရက် မနေ့က မွန်းလွဲပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်က မကျ​ည်းကန်အုပ်စု ၊ စမ်းကန်ကြီးကျေးရွာ အတွင်း MI -29 ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂လုံး ထပ်မံကြဲချခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရပြီး သက်ကြီးရွယ်အို အမျိုးသားတစ်ယောက် သေဆုံးခဲ့တဲ့အပြင် လူနေအိမ်တွေနဲ့ စေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေနံချောင်း PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားတောင်တွင် အကြမ်းဖက်စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိကာ လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အစပ်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီ ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ဦး မျက်မြင် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်း ရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ​တပ်ရဲ့ ကင်းပုန်းဝပ်ရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲတပ်သား ၂ ယောက်နဲ့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က သတင်းထုတ်ပြန်တားပါတယ်။