အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။

ကြေညာချက်ထဲမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ICC တရားရုံးဟာ အမေရိကန်နဲ့ အစ္စရေးတို့ကို ဆန့်ကျင်တဲ့ “တရားရေးဆိုင်ရာ လက်နက်တခု ဖြစ်ပြီး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတခု” ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ICC က ဒီလိုလုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း၊ ဘက်မလိုက်တဲ့ တရားစီရင်ရေးအပေါ် ဆန့်ကျင်တဲ့ ထင်ရှားတဲ့ တိုက်ခိုက်မှုတခုဖြစ်ကြောင်း ပြောဆိုထားသလို ပြင်သစ်နိုင်ငံကလည်း ဝါရှင်တန်အနေနဲ့ အရေးယူမှုတွေ ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့ရဲ့ အဆိုအရ ပြင်သစ်က Nicolas Yann Guillou၊ ဖီဂျီက Nazhat Shameem Khan၊ ဆီနီဂေါက Mame Mandiaye Niang နဲ့ ကနေဒါက Kimberly Prost တို့ကို ဝါရှင်တန်က အရေးယူခဲ့ကြောင်း သိရပြီး သူတို့အားလုံးဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ ဆက်စပ်တဲ့အမှုတွေမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ICC ရဲ့ နိုင်ငံရေးသဘောသက်ဝင်မှု၊ အာဏာအလွဲသုံးစားမှု၊ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာကို လျစ်လျူရှုမှု၊ တရားမဝင်စီရင်မှုတွေနဲ့ လွှမ်းမိုးမှုအပေါ် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်” လို့ မာကိုရူဘီယိုက ပြောပါတယ်။



အခုလို အရေးယူပိတ်ဆို့မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လမတိုင်ခင်ကလည်း ICC တရားသူကြီး ၄ ယောက်ကို ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု၊ ဂါဇာအရေးကိစ္စတွေနဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေလို စစ်ရာဇဝတ်မှုတွေ၊ လူသားဆန့်ကျင်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ICC ရဲ့ တရားသူကြီးတွေနဲ့ အမှုစစ်တွေကို အရေးယူပိတ်ဆို့မှုတွေဟာ သူတို့ရုံးတွေရဲ့ လုပ်ဆောင်ချက်တွေကို အတော်လေး အနှောင့်အယှက်ဖြစ်စေမှာလည်း ဖြစ်ပါတယ်။

ICC အနေနဲ့ သူ့ရဲ့အဖွဲ့ဝင် ၁၂၅ နိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေ၊ လူသားဆန့်ကျင်ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စီရင်ပိုင်ခွင့်အာဏာရှိပေမယ် အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ အစ္စရေးတို့အပါအဝင် နိုင်ငံအချို့က သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသိအမှတ်မပြုထားပါဘူး။

အခုလိုဆောင်ရွက်ချက်ဟာ ပြင်သစ်နဲ့ ကုလသမဂ္ဂတို့ကို အမျက်ထွက်စေခဲ့ပြီး တရားသူကြီးတွေရဲ့ အလုပ်ဟာ နိုင်ငံတကာ တရားမျှတမှုအတွက် အရေးကြီးတယ်လို့ ဆိုကြပါတယ်။

“ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ သူတို့ရဲ့အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်တယ်” လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ နိုင်ငံတကာ တရားမျှတမှုရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေကြောင်း “(အမေရိကန်ရဲ့) ဆုံးဖြတ်ချက်ဟာ အမှုစစ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေကြောင်း” ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်း ဒူဂျာရစ်ကပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရုံးကတော့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မူရင်းသတင်း – Trump administration imposes new sanctions on four ICC judges, prosecutors

0 Shares:
You May Also Like
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။