မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၂ ရက် ဒီနေ့လယ် ၁၂ နာရီကျော်လောက်မှာ ပေါက်မြို့နယ် အရှေ့ပိုင်းက ဆယ်ဝရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးကာ ၁၀ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရသူတွေလည်း ရှိနေသေးတယ်လို့ သိရတယ်။ ကလေးငယ် ၁ဦးလည်း ခြေတစ်ဖက် ပြတ်သွားတယ်။ ထိတွေ့မှုလည်း မရှိဘဲနဲ့ အကြောင်းမဲ့ကို လာပစ်သွားတာ။ နေအိမ်တွေလည်း ပျက်စီးသွားတာရှိတယ်” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဩဂုတ် ၄ ရက်နေ့တွင် ဆယ်ဝရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးခဲ့စဥ်

ဆယ်ဝရွာရှိ ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၂ လဝန်းကျင်ခန့် ရှိပြီဖြစ်ပြီး ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်တာ ရက်ပိုင်းလောက်သာ ရှိနေသးတယ်လို့ ဆိုပါတယ်။ အဆိုပါရွာထဲကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းဝင်တုန်းကလည်း နေအိမ်တွေ မီးရှို့ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

“ပြည်သူတွေက အရင်စစ်ရှောင်နေရတာ ၂ လကျော်လောက် ရှိပြီ။ ရိက္ခာကားတန်း ပေါက်မြို့ ကပစ ၂၄ ရောက်မှ ရွာထဲ ပြန်ဝင်နေကြတာ။ ရွာထဲပြန်ဝင်နေတာ ရက်ပိုင်းပဲရှိသေးတာ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

သြဂုတ်လ ၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆယ်ဝရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်အုပ်စုက ဆယ်ဝရွာထဲ တစ်ညအိပ် စခန်းချခဲ့ပြီး သြဂုတ်လ ၄ ရက် မနက်မှာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း 

တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကန့်ဘလူတွင် ဝါသဝနှင့် စစ်ကောင်စီတပ်တွေ ကျေးရွာ ၂ရွာကို ဝင်ရောက်စီးနင်း ကလေးငယ်အပါ အရပ်သား၃ယောက်ကို သတ်ပြီး ၃၀နီးပါးကိုလည်း လူသားဒိုင်းလုပ် ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ကန့်ဘလူတွင် စစ်ကောင်စီတပ်ကက အရပ်သား ၅ ဦးကို ဧပြီလအတွင်း ဖမ်းဆီးသတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းနဲ့ တိုးတဲ့ အရပ်သား ၂ ယောက်အပါဝင် ဧပြီလအတွင်း စစ်ကောင်စီတပ်ကက အရပ်သား ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က သတင်းထုတ်ပြန်ပါတယ်။