မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ရက်၊ နေ့လယ်ပိုင်းက မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကနေ ထော်လာဂျီ (၁)စီး၊ ဆိုင်ကယ် (၃)စီးနဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ပြောက်ကျားပစ်ခတ်မှုကြောင့် စစ်ကော်မရှင်ဘက်က မျက်မြင် ၁၀ယောက်သေဆုံးပြီး ကျန်တဲ့သူတွေဟာလည်း ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးရင်းနဲ့ပဲ ပြန်ပြီး ခုခံခဲ့ကြောင်း Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် မြင်းခြံမြို့နယ်၊ ဆုံရွာနဲ့ ငါန်းဇွန်မြို့နယ် ၊ ငါန်းမြာရဲစခန်းတို့ကနေ အကြမ်းဖက်စစ်ကူတွေရောက်ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေလည်း အထိအခိုက်မရှိ ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပက်သက်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းတာဝန်ရှိသူက သူ့ရဲ့လူမူ့ကွန်ရက်အကောင့်ကတဆင့်

“ကျွန်တော်တို့တပ်ရင်း ထောက်ပံ့ပေးကြတဲ့ မိဘပြည်သူတွေ ဘယ်တော့မှစိတ်မပျက်စေရဘူးဗျာ ရတဲ့နားမှာ ရသလို ဝင်ဝင်ကြိတ်နေမှာပါ။
မှတ်ချက်။ ချချဆိုပီးမြှောက်ပေးပြီးရင်တော့ ရော့ကျည်ဖိုးဆိုပီးထောက်ပို့ကြပါ။” ဆိုပြီးတော့လည်းရေးသားထားပါသေးတယ်။

ပြောက်ကျားတိုက်ခိုက်မှုကို Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း) နဲ့ မန္တလေးခရိုင် တပ်ရင်း (၅) ၊ ကျားမင်း(LPDF) ၊ ငန်းနက် (LPDF) ၊ မြောက်ပိုင်းသား (LPDF) နဲ့ အမရပူရ (ပကဖ) တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းကနေ အကြမ်းဖက် စစ်သားတွေကိုင်ဆောင်တဲ့ G3 သေနတ် (၃)လက်နဲ့အတူ MA-11 သေနတ် (၁)လက်၊ ကျည်ဘောက် (၃)ဘောက်နဲ့ G3 ကျည် (၁၆)တောင့်တို့ကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၅) ဦး ထိခိုက် ဒဏ်ရာရ၊ နေအိမ် (၁) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်မှာ စစ်ကောင်စီ ၃၆ နှစ်ကြာ တပ်စွဲခဲ့တဲ့ ခလယ်ဒေးတပ်စခန်း သိမ်းပိုက်ရရှိမှု KNU တရားဝင် ထုတ်ပြန်… စစ်သားအလောင်း ၂ လောင်းနှင့် ပွိုင့် ၅ သေနတ်အပါ လက်နက်ခဲယမ်းများ သိမ်းဆည်ရမိ…

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။