မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။

မိုးကုတ်နဲ့ သပိတ်ကျင်းမြို့နယ်​တွေထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အင်အားတွေရဲ့ အထိုင်ချရာ စခန်းတစ်ခုဖြစ်တဲ့ ၇မိုင်၊ တွင်းငယ်ကျေးရွာက တကက (၁၃) ခေါ် အမှတ် (၁၃)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို Brave Warriors for Myanmar  နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ရာမှာ ၉လုံးအောင်မြင်တာကြောင့် သင်တန်းကျောင်းဝန်းအတွင်းက အဆောင် ၄ခု မီးလောင်ပျက်စီးပြီး အထက်တန်းနည်းပြအရာရှိ ၃ ယောက်နဲ့ တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့လည်း Brave Warriors for Myanmar က ထုတ်ပြန်ပါတယ်။

“မိုးကုတ်ကို စစ်ကြောင်းထိုးဖို့ အင်အားစုဆောင်းတာတွေကို တကက ၁၃ကနေ လုပ်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်ထိုးစစ်တွေကို ခုခံနေတဲ့ တော်လှန်ရေးအင်အားစုတွေ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ရယ် စစ်ကောင်စီရဲ့ အရှိုက်ထိစေဖို့ ရည်ရွယ်ပြီး ဒီမစ်ရှင်ကိုလုပ်ခဲ့တာပါ။ အရေးပါပါတယ်။” လို့ ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship အဖွဲ့ တာဝန်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံး ပစ်ခတ်မှုကို  Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုနဲ့အတူ Shadow (အညာ) ၊ No More Dictatorship (NMD-PDF) နဲ့ Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အားဖြည့်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင် မနက်ပိုင်းမှာလည်း ၇မိုင်ကျေးရွာ အကြမ်းဖက်စစ်တပ်စခန်းထဲကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဇရပ်ကွင်းကျေးရွာဘက် ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေထိခိုက်ခဲ့ပါသေးတယ်။

သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပေမယ့်လည်း စစ်ရေးတင်းမာမှုတွေရှိနေတာ ဖြစ်ပါတယ်။

Brave Warriors for Myanmar (BWM) ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးများ (ဓာတ်ပုံ BWM)

0 Shares:
You May Also Like
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီ ကြဲချတဲ့ ဗုံးသီးတွေ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ယောက် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီမီဒီယာတွေက သတင်းဖော်ပြထားပါတယ်။
Read More

ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ခဲယမ်းများစွာ ရရှ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ထောက်ပို့စစ်ကြောင်းတွေကို တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Shwe Bo Battalion 15 ထံက သိရပါတယ်။
Read More

AA ယူနီဖောင်း ဝတ်ထားသူတချို့ စစ်သုံ့ပန်း ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု ICC စုံစမ်းစစ်ဆေးဖို့ Fortify Rights အဖွဲ့ တောင်းဆို

ပေါက်ကြားလာတဲ့ ဗီဒီယိုမှတ်တမ်းအရ AA ယူနီဖောင်း ဝတ်ထားသူတချို့က စစ်သုံ့ပန်း ၂ ယောက်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC ) ကနေ စုံစမ်းစစ်ဆေးဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အစည်း Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မှာ တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။