စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်သားတွေနဲ့ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းဟာ ဩဂုတ်လ ၁၆ ရက်ကစလို့ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းဟာ ညောင်ပင်ဇောက်ကျေးရွာနဲ့ ကွမ်းကိုင်းကျေးရွာတို့ကတဆင့် ငှက်ပျောတောတောင်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး အဆိုပါ ကျေးရွာ ၂ ရွာအတွင်းရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက် ညနေပိုင်းမှာတော့ အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ မင်းတိုင်ပင်ကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး စျေးအပါအဝင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးရာ ကျေးရွာရဲ့ ၆၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို KNDO ဆီးကြိုတိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အများအပြား ဒဏ်ရာရ၊ စစ်သား ၁ ဦး KNDO ထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကား ၁ စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။