စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် (၁၆) ဘုတလင်မြို့နယ်တပ်ရင်း BDL PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းက အရာတော်မြို့နယ် ခမြင့်‌ကျေးရွာက ထွက်လာတဲ့ အင်အား ၈၀ ကျော်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ယောက်သေဆုံးကာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း -၁၆ (ဘီလူးစစ်ကြောင်း)နဲ့အတူ မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးအဖွဲ့ Danger Force ၊ တိုက်နယ် ပကဖ အင်အားစုတွေနဲ့ local တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – BDL PDF

0 Shares:
You May Also Like
Read More

AA သိမ်းယူဖို့ နေရာအနည်းငယ်သာ ကျန်တော့တဲ့ အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နဲ့ ဂွမြို့က စခန်းတွေကို တရပ်စပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း ကင်းပတ်နေစဉ် စစ်ကောင်စီတပ်သား ၁ ဦးအား လက်နက်နှင့်တကွ ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူကြောင့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

MDY PDF အပတ်စဉ် (၁၇) အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။