စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ခန္တီး-တိုက်တီး၊ ခန္တီး-နန်စီပွန်(ကျောက်မှော်)နဲ့ ခန္တီး-ပဒူးမုန်း စတဲ့ စက်လှေလိုင်းတွေအပါအဝင် ကိုယ်ပိုင်စက်လှေနဲ့ သွားလာခွင့်ကိုပါ ပိတ်ပင်ထားတာကြောင့် မြစ်ကမ်းဘေးကျေးရွာတွေဟာ သွားလာရေးခက်ခဲလာတာ ဖြစ်ပါတယ်။

“ချင်းတွင်းမြစ်ထဲပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေပါ။ ဒီဘက်မှာ ရေလမ်းကြောင်းပဲ အသုံးများတယ်လေ။ အခုသူတို့က စက်လှေလိုင်းတွေပိတ်ပြီး စစ်ရေးပြင်ဆင်နေကြတာပါ။ ခန္တီး-နန်စီပွန်လိုင်းတွေကတော့ စခ ဗျူဟာမှူးကိုယ်တိုင် ဆင်းစစ်ပြီး လွှတ်ပါတယ်။ လက်ရှိ ပိတ်ထားတာ ၁၀ ရွာလောက်‌တော့ရှိမယ်။ ကိုယ်ပိုင်စက်လှေအသေးနဲ့တောင်မှ သွားလာခွင့်ပိတ်ထားတယ်။ အဓိကကတော့ ခန္တီး-တိုက်တီးရယ်၊ ခန္တီး-ပဒူးမုန်းရယ်ပေါ့။ ကျန်တဲ့လိုင်းတွေက သူတို့လွှတ်ချင်ရင် လွှတ်တယ်။ ပိတ်ချင်ရင် ပိတ်ထားတယ်” လို့ ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် စက်လှေလိုင်းများ

ဒီလိုမျိုး ပိတ်ဆို့ခံထားရမှုကြောင့် ဒေသခံတွေဟာ စားဖို့ဆန် အပါအဝင် အခြားလိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူဖို့ကိုတောင် ခက်ခဲနေကြတယ်လို့သိရပါတယ်။

ခန္တီးပကဖအနေနဲ့လည်း အခုလိုမျိုး ပိတ်မိနေတဲ့ အရပ်သားတချို့ကို ကူညီကယ်ထုတ်ပေးတာတွေရှိကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကျေးရွာတွေထဲ တစ်အိမ်တက်တစ်အိမ်ဆင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာတဲ့အတွက် လူငယ်တွေတိမ်းရှောင်နေရကြောင်း ခန္တီးပကဖတာဝန်ရှိသူက ပြောပါတယ်။

“စက်လှေလိုင်းပိတ်ထားတော့ ကြားထဲမှာ လှေမရှိဘာမရှိနဲ့ လက်လုပ်လက်စားတွေက ဘယ်မှသွားမရဘဲ ပိတ်မိနေတာ။ ကျနော်တို့သွားခေါ်တော့ သူတို့မှာ ဆန်တောင်ပြတ်နေပါပြီ။ နောက်ပြီး ခန္တီးမှာ စခတွေက အိမ်ထဲထိ ပေါ်တာလိုက်ဆွဲနေတော့ လူငယ်တွေတော်တော်များများက ပြေးနေကြရတယ်။ တချို့လည်း အထက်ဘက်ကိုတက်ပြီး တပိုင်တနိုင် ရွှေလာလုပ်ကြတယ်။ ရတဲ့ရွှေလေးရောင်းပြီး ဆန်ကို တစ်ပြည်ချင်း ၀ယ်စားကြတယ်။ အဲ့လိုတွေများတယ်။” လို့ ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ချင်းတွင်းမြစ်အထက်ပိုင်းက ခန္တီးမြို့နယ်မှာ စစ်အုပ်စုနဲ့အတူ SNA ရှမ်းနီတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။