ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။

ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ သက်သေတွေကို PNLA ကင်းထောက်အဖွဲ့က ဒရုန်းနဲ့ မှတ်တမ်းဗီဒီယိုဖိုင် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက နောင်ထော်ဒေသအတွင်းရှိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း၊ နောင်ဗို၊ တပူးထိုကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Video – PNLA News & Information Department

0 Shares:
You May Also Like
Read More

သီပေါမြို့ကို လက်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေ ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေး (ရုပ်/သံ)

သီပေါမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်သားတွေနဲ့ တပ်မိသားစုတွေဟာ ကုန်တင်ယာဉ်တွေစီးပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ အင်အားအများအပြားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုရွာက အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထံက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် အမ်း-ပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်း ၂ ခုကို နိုဝင်ဘာ ၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းထံက သိရပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဖော်အခမ်းအနားကျင်းပ (ရုပ်/သံ)

သီတင်းကျွတ်အခါသမယအချိန်မှာ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဆောင်အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း KNDF က မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

သရက်ချောင်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။