မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ ပခုက္ကူတပ်မ ၁၀၁ကနေ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာလာတဲ့ စစ်အင်အား ၁၀၀၀ခန့်နဲ့ ရိက္ခာကားတန်း ၁၀၀ကျော်ဟာ  ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ရေပြာလမ်းပိုင်းနဲ့ တပ်မတောင်ပတ်ဝန်းကျင်မှာ လနဲ့ချီ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

တပ်မတောင် ပတ်ဝန်းကျင်ကို စစ်ကြောင်းတွေရောက်ရှိချိန် မကျော်နိုင်အောင် တော်လှန်ရေးတပ်တွေက ခုခံပိတ်ဆို့ထားရာက ထိတွေ့တိုက်ပွဲတွေရှိခဲ့သလို အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူနဲ့ မြေပြင်စစ်ကူအင်အားတွေ အများအပြား သုံးခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ ရေပြာမြို့ကတဆင့် ပေါက်-အုန်းတောလမ်းပိုင်းအတိုင်း ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီးဒုတ်ကွင်း၊ ကုက္ကိုလ်စု၊ ယာကြီးပြင်စတဲ့ နယ်ခံပျူစောထီးရွာတွေကိုဖြတ်ကာ မြို့ပေါ်အထိ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ သတင်းချန်နယ်တွေမှာတော့ ပေါက်မြို့ပေါ်ရောက်ရှိသွားတဲ့ စစ်ကြောင်းက စစ်သားနဲ့ ရဲတွေကို အရပ်သားတွေက ကြိုဆိုကြောင်းပုံရိပ်တွေနဲ့ ဝါဒဖြန့်ထုတ်ပြန်ကြပေမယ့်လည်း လက်တွေ့မှာတော့ အနီးအနား ပျူစောထီးကျေးရွာတွေက အင်အားတွေနဲ့ အရပ်သားတွေကို ခြိမ်းခြောက်ကြိုဆိုခိုင်းတာ ဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ပေါက်မြို့ထဲနဲ့ မြို့ဝန်းကျင်မှာ ပျူရွာတွေပေါတယ်။ အဲဒီပျူတွေက ကြိုကြတာပေါ့။ ပြည်သူတွေကတော့ အတင်းအကြပ်ခိုင်းစေခံရလို့ မသက်မသာ ကြိုကြရတာပါ။” လို့ ပခုက္ကူခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ အချိန် ၃နာရီကြာသာ မောင်းရတဲ့ ပခုက္ကူ – ပေါက်လမ်းပိုင်းကို ရက်ပေါင်း ၈၀ ကျော်၊ ၃လနီးပါးကြာမြင့်အောင် စစ်ကြောင်းထိုးခဲ့ရတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်မြို့တွေ၊ ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်ခိုးယူတာ၊ လေကြောင်းပစ်ကူအဆမတန်သုံးတာနဲ့ မြေပြင်စစ်ကူအင်အားဖြည့်တင်းတာတွေ အလွန်အကျွံလုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

ဒီလိုမျိုးတွေလုပ်ဆောင်ခဲ့ပေမယ့်လည်း မြို့ပေါ်ရောက်ရှိချိန်မှာတော့ အင်အား ထောင်ချီပါ စစ်ကြောင်းထဲက  ရာနဲ့ချီအလင်းဝင်သွားတာမျိုးရှိသလို သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူတွေနဲ့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့သူတွေလည်း အများအပြားရှိခဲ့ကြောင်း ပေါက်နယ်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က ပြောပါတယ်။

“မြို့ပေါ်ရောက်လို့ အောင်ပွဲခံလည်း သူတို့လူတွေ သေဆုံးတာဟာ ရာကျော် ဂဏန်းရှိပြီး အလင်းဝင်တဲ့သူတွေရော အရှင်ဖမ်းမိတဲ့သူတွေရော အများကြီးရှိခဲ့ပါတယ်” လို့ ပေါက်နယ်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းလာရာလမ်းတလျှောက်က ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊  လေကြောင်းတိုက်ခိုက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ၃လအတွင်း အရပ်သား ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပေါက်မြို့အနောက်ပိုင်းမှာရှိတဲ့ ကပစ -၂၄အထိ သွားရောက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ 

“သူတို့ကတော့ အစတည်းက ပေါက် ကပစ ၂၄ အထိ အင်အားဖြည့်၊ ရိက္ခာပို့ဖို့ဆိုပြီး ရည်ရွယ်ပြီးလာကြတယ်ပေါ့။ နောက်ဆုံး သူတို့ရည်ရွယ်ရာအတိုင်း ရောက်အောင်သွားပေမယ့် ၄၇မိုင်ခရီးကို ရက်ပေါင်း၇၀ကျော်လောက် သွားရပြီး သေကြတာ၊ အလင်းဝင်တာတွေကလည်း မနည်းဘူးပေါ့။ လေကြောင်းပစ်ကူတွေကလည်း အကြိမ်ရေ ထောင်ချီခဲ့တယ်။ အခုလည်း ကပစ ၂၄ မှာ အချိန်အတန်ကြာ နားလိမ့်ဦးမယ် ထင်ပါတယ်။” လို့ ပခုက္ကူခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ကမ္မမြို့အပါအဝင် သံဘို၊ သစ်ပုလွေးကုန်း၊ မန်းကျည်းသုံးပင်နဲ့ ပေါက်နယ်အတွင်းက နတ်ဥယာဥ်၊ ပျဥ်းချောင်း၊ ဆယ်ဝ၊ ငမို့လေး၊ ငမို့ကြီး၊ ရွှေလှံ၊ ရေပြာ ၊ မြင်းခြံကုန်း၊ ရှခွလေး၊ ရှခွကြီးနဲ့ ကျေးရွာအများအပြား ၂လနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စန်းမြို့ရွာ စစ်ဘေးရှောင် ၃၀၀ ကျော်ကို ဆေးဝါးကုသပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ ရွာမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က A.G.S(1)၊ C.E.C အဖွဲ့ဝင် (၁) ယောက် ပါဝင်ပြီး CDM သူနာပြု ဆရာမ ဦးဆောင်တဲ့ ဆေးတပ်သားတွေဟာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေရာ ပြည်သူ ၃၄၂ ယောက် ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။