တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။

သြဂုတ်လ ၁၈ရက်နေ့က စစ်ကား ၁၀ စီးပါ စစ်ယာဥ်တန်း ထားဝယ်ဘက်ကို ထွက်လာချိန် သင်္ကန်းကုန်းရွာနဲ့ ဝကုန်းရွာကြား၊ ဘဲ့မဲ့တပ်တောင်နား အရောက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လ ၁၉ ရက်နေ့မှာလည်း အဆိုပါ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အယောက် ၂၀ ထက်မနည်း သေပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ထံမှာ သိမ်းဆည်းရရှိသည့် စစ်လက်နက်များ

“စကစယာဥ်တန်းက ကား ၈ စီးပျက်တယ်၊ ၂စီးတော့ မီးရှို့ပြီး ဖျက်ဆီးလိုက်တယ်။ ပစ္စည်းလက်နက်တွေ သိမ်းယူတယ်။ စကစ စစ်သားက အယောက် ၂၀ ကျော် သေတယ်။ ၃ယောက်ကတော့ အရှင်ဖမ်းမိတယ်။ အခု စကစတွေက ရှေ့ဆက်ပြီး တက်မလာဘူး။ သူတို့ သင်္ကန်းကုန်းတောထဲမှာပဲ ရှိသေးတယ်” လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဥ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၇ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ယာဥ်တန်းဟာ သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ပကာရီရဲစခန်းကို ရောက်ရှိနေတာဖြစ်ကာ မေတ္တာစခန်းကို လက်နက်နဲ့ ရိက္ခာဖြည့်ဖို့ ဦးတည်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (TPLF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ သံမဏိပေါက်ကြား (နဘယံ)၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) နဲ့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ထံမှာ သိမ်းဆည်းရရှိသည့် စစ်လက်နက်များ
0 Shares:
You May Also Like
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

စေတုတ္တရာမြို့နယ်တွင် လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးမှာ ယူနီဖောင်းဝတ်နဲ့ ဆိုင်ကယ်မောင်းလာတဲ့ စစ်ကောင်စီတပ်ကြပ်ကို ပစ်ခတ်ရှင်းလင်း၊ စစ်တပ်အထိုင်စခန်းကိုလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေအခြေချနေတဲ့ စခန်းကို လက်နက်ကြီးပစ်ခတ်ခဲ့သလို ခမရ -၁၁၆ က တပ်ကြပ် ၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။