မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၁၃) ကို ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ရာ ၉လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီည ထုတ်ပြန်ပါတယ်။

တတက ၁၃ ဟာ စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တပ်သားတွေကို တိုက်ပွဲဝင်ဖို့ သင်ကြားပေးနေတဲ့ အရေးပါတဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း ဖြစ်တဲ့အပြင် သပိတ်ကျင်းနဲ့ မိုးကုတ်မှာ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ တပ်အထိုင်စခန်းလည်း ဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေကို အားဖြည့်တဲ့အနေနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

BWM ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Shadow (အညာ)၊ No More Dictatorship (NMD-PDF) နဲ့ Infinity (အညာ) တပ်ဖွဲ့တို့က သြဂုတ်လ ၂၀ ရက် ဒီနေ့ နေ့လယ်၁၂ နာရီမှာ စစ်ကော်မရှင်ရဲ့ တတက ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သပိတ်ကျင်းနဲ့ မိုးကုတ်ဘက် ထိုးနေတဲ့ စစ်ကြောင်းက စစ်‌‌ေ-ွးတွေရဲ့ အထိုင်ဖြစ်တဲ့ ၇ မိုင်က တပ် ၁၃ ကို တိုက်ခိုက်ခဲ့တာပါ။ အရေးကြီးပစ်မှတ်တွေ ချိန်ပစ်တာမို့ ထိရင်တော့ ထိခိုက်မှုများနိုင်ပါတယ်” လို့ Brave Warriors for Myanmar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တတက ၁၃ ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေပုံ

အခုလို တတက ၁၃ ကို တိုက်ခိုက်နိုင်ဖို့အတွက် မန္တလေးတိုင်း လက်နက်ကြီးတပ်ဖွဲ့နဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်း အားဖြည့်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးစစ်မျက်နှာ ပိုမိုပြင်းထန်လာတဲ့ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်အုပ်စု ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို Brave Warriors for Myanmar နဲ့ မဟာမိတ်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ်၊ ကျောက်အိုး (မြောက်) ရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းကာ အိမ်တွေကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်အိုး(မြောက်)ရွာကို ဝင်ရောက်မီးရှို့ကာအရပ်သားတွေကို ဓားစာခံလူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။