ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဒေသခံတွေ စစ်ရှောင်နေတဲ့ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူ ၁၀ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၂ ယောက်နီးပါး ရှိနေတယ်လို့ ကနဦး သိရပါတယ်။

“ရွာနဲ့ မလှမ်းမကမ်းမှာ တိုက်ပွဲက TNLA နဲ့ ဖြစ်နေတာရှိတယ်။ ဒါပေမယ့် အခုရွာမှာက စစ်ရှောင်တွေပဲ ရှိတာရှင့်။ TNLA လည်း မရှိဘူး၊ အများစုက နောင်ချိုက စစ်ရှောင်တွေပါ။ သေဆုံး ၁၀ဦးထက် ပိုနိုင်တယ်… ဒဏ်ရာရသူ ၁၂ဦး” လို့ သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
နောင်ပိန်အုပ်စု၊ ပင်တီးရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၄၀၀ နီးပါးရှိနေပြီး ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေး သွားဖို့လုပ်နေပေမယ့် တိုက်ပွဲတွေကြောင့် အခက်အခဲဖြစ်နေကာ လက်ရှိမှာ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်းပါ မလုံလောက်ဘူး ဖြစ်နေတယ်” လို့ သူကဆိုပါတယ်။

နောင်ပိန်ကျေးရွာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို SSPP/SSA ကနေပဲ ကုသပေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ နောင်ပိန်ရွာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အလောင်းမကောက်ရသေးတဲ့ သေဆုံးသူ အရေအတွက်က ထပ်တိုးလာနိုင်တယ်လို့ ကနဦးသိရပါတယ်။

(ဓာတ်ပုံ SSPP info)

0 Shares:
You May Also Like
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
(ဓာတ်ပုံ KNU)
Read More

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီးက ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးခဲ့ရ

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီး  ကျေးရွာများကို  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။