စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၉ ရက် မနေ့က မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရေယာဉ်တွေ ထိခိုက်မှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဦးဆောင်ပြီး တပ်ခွဲ ၂ mahauurarDragon၊ ကနီမြို့နယ် မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ်(၁၈)တပ်ရင်း Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်တဲ့ မင်းတပ်မှာ အကနဲ့ အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ 
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးစေခဲ့တဲ့ ကျောက်ကြီးမြို့နယ်စခန်းသိမ်းတိုက်ပွဲရုပ်သံဖိုင်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၆ ခုကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအ များအပြားသေဆုံးစေခဲ့တဲ့ ရုပ်သံဖိုင်ကို နဂါးနီစစ်ကြောင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သမီး ၂ ယောက် ဆုံးရှုံးခဲ့ရသည့် မိခင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သမီး ၂ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ရင်တွင်းစကား ပြောကြားချက်ကို CDM ဆရာမ ဒေါ်ရတီအုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။