KNU- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၉) ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်အချိန်မှာ စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စု ပိန္နဲကုန်းရွာအတွင်းရှိ အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာကို yak-130 လေယာဥ်နဲ့ ဗုံးသီး (၁) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ယောက် သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် (၅) လုံး၊ အိမ်သုံးကား (၃) စီး၊ ဆိုင်ကယ် (၃) စီးတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဩဂုတ်လ (၁၁) ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာလည်း ကျောက်လုံးကြီးကျေးရွာအုပ်စု ဝင်းသောင်ရွာနဲ့ ကျောက်ပုံရွာကြားကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်ကနေ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံတွေရဲ့ လုပ်ငန်းခွင်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့ ညနေ ၃ နာခွဲအချိန်မှာလည်း ခလရ (၈) နဲ့ ခမရ (၃) ပူးပေါင်းတပ်ဖွဲ့ကနေ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ချောင်းပြန့်ကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် နော်ပန်းကြည်ဆိုသူရဲ့ ဘယ်နောက်ကျောကို ထိမှန်ဒဏ်ရာရရှိကာ သထုံမြို့ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာကြောင့် လေကြောင်းအန္တရာယ် သတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက စဥ်ဆက်မပြတ် သတိပေးနှိုးဆော်နေပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄) လုံး ထပ်မံကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။